ပနားမားကို မြောက်ကိုရီးယား တောင်းဆို

  • 18 ဇူလိုင် 2013
panama
Image caption သကြား သင်္ဘောမှာ လက်နက်ဝှက်ပြီး သယ်ဆောင်

ကျူးဘား ကနေ လက်နက်တွေ တင်ဆောင် လာတဲ့ မြောက်ကိုရီးယား သင်္ဘောသား တွေကို ဖမ်းထား ရာက ပြန်လွှတ် ပေးဖို့ မြောက် ကိုရီးယားက ပနားမား အစိုးရကို တောင်းဆို လိုက်ပါတယ်။

ကျူးဘား ကနေ လက်နက် အဟောင်း အမြင်းတွေ ပြုပြင်ဖို့ သယ်ဆောင် လာတာ ဖြစ်ပြီး ပြင်ပြီးတာနဲ့ စည်းကမ်း နည်းလမ်းနဲ့ အညီ တရားဝင် ပြန်ပို့မှာ လို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဌာနက ပထမဆုံး အကြိမ် တုံ့ပြန် ပြောကြား ချက် ဖြစ်ပါတယ်။

လက်နက်တွေကို မကြေညာဘဲနဲ့ သကြားကြမ်း အိတ်တွေအောက်မှာ ဝှက်ပြီး သယ်ဆောင် လာတာလို့ ပနားမား ဘက်က ပြောပါတယ်။

သင်္ဘောပေါ် တက်မရှာ နိုင်အောင် မြောက်ကိုရီးယား သင်္ဘောသား တွေက တမင် နှောင့်နှေးအောင် လုပ်တယ် လို့လည်း စွပ်စွဲပါတယ်။

ဒီလက်နက် တင်ဆောင်မှု ကြောင့် မြောက်ကိုရီးယားပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှု တွေကို ချိုးဖောက်ရာ ကျသလား ကုလ သမဂ္ဂကို စုံစမ်းဖို့ တောင်းဆို ထားတယ် လို့ ပနားမား လုံခြုံရေး ဝန်ကြီး JOSE RAUL MULINO က ပြောကြား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ