အိန္ဒိယမှာ အက်ဆစ် ရောင်းချမှု စိစစ်မယ်

  • 18 ဇူလိုင် 2013
Image caption အိန္ဒိယမှာ နှစ်စဉ် အက်ဆစ်နဲ့ တိုက်ခိုက်မှု ၁ ထောင် လောက်ရှိပြီး ခံရသူ အများစုဟာ အမျိုးသမီးတွေပါ

အိန္ဒိယ နိုင်ငံမှာ အမျိုးသမီး တွေကို အက်ဆစ်နဲ့ ပက်ပြီး တိုက်ခိုက် နေတာတွေကို ကာကွယ် တားဆီး နိုင်ဖို့ အတွက် အက်ဆစ် ရောင်းချ တာတွေကို ဗဟိုအစိုးရ ရော ပြည်နယ် အစိုးရတွေ ကပါ စည်မျဉ်း စည်းကမ်း တွေနဲ့ ကိုင်တွယ် ဆောင်ရွက်ဖို့ အိန္ဒိယ ဗဟို တရားရုံးချုပ်က အမိန့် ထုတ်ပြန်လိုက် ပါတယ်။

အက်ဆစ်တွေကို ရောင်းတဲ့ အခါ တရားဝင် မှတ်ပုံတင် ပြနိုင် သူတွေ ကိုသာ ရောင်းချ သင့်ပြီး၊ အဲဒီလို ရောင်းထားတဲ့ စာရင်းကို ရဲဆီ သတင်းပို့ ရမယ် လို့ တရားရုံး က ပြောပါတယ်။ ဝယ်တဲ့ သူတွေ ကလည်း ဘာလုပ်ဖို့ အက်ဆစ်ကို ဝယ်တယ် ဆိုတာ ရှင်းပြ ရမယ် လို့လည်း ဆိုပါတယ်။

အက်ဆစ်နဲ့ တိုက်ခိုက် ခံရ သူတွေရဲ့ ဘဝတွေ ပြန်လည် ထူထောင်ရေး အတွက် ပြည်နယ် အစိုးရတွေ အနေနဲ့ ဒေါ်လာ ၅၀၀၀ လောက် ပေးဖို့လည်း တရားရုံးက အမိန့် ထုတ်ပြန်ထား ပါတယ်။

အိန္ဒိယ မှာ နှစ်စဉ် အက်ဆစ်နဲ့ တိုက်ခိုက်မှု ၁ ထောင် လောက်ရှိပြီး ခံရသူ အများစုဟာ ကိုယ့်ချစ်သူ ရည်စားတို့၊ ခင်ပွန်းတို့ကို လမ်းခွဲ သွားတဲ့ အမျိုးသမီး တွေ ဖြစ်ကြ ပါတယ်။ အချို့လည်း အလုပ်ရှင်နဲ့ အဆင်မပြေလို့ အလုပ် ထွက်သွား ကြတဲ့ အမျိုး သမီးတွေ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ