Moody's က အမေရိကန်ကို အေသုံးလုံး အဆင့် တိုးမြင့်

  • 19 ဇူလိုင် 2013
Image caption အဆင့်တိုး သတ်မှတ်ပေးတဲ့ Moody's

ငွေချေးယူနိုင်ခွင့် အဆင့် သတ်မှတ်တဲ့ အေဂျင်စီ Moody's က အမေရိကန် ပြည်ထောင်စုရဲ့ အဆင့်ကို အမြင့်ဆုံး ဖြစ်တဲ့ အေသုံးလုံး အဆင့်ကို တိုးမြင့် သတ်မှတ် ပေးလိုက်ပြီး အမေရိကန်ရဲ့ အနာဂတ် စီးပွားရေး တိုးတက်မှု အပေါ် ယုံကြည်ကြောင်း ပြသလိုက်ပါတယ်။

အမေရိကန် စီးပွားရေးဟာ သူနဲ့ အဆင့်တူ နိုင်ငံတွေထက် တိုးတက်မှုနှုန်း ပိုမြန်နေတယ် ၊ အစိုးရရဲ့ စရိတ် ဖြတ်တောက်မှု ရှိနေပေမယ့်လည်း ဒါတွေကို တောင့်ခံနိုင်တယ် ဆိုတာကို ပြနေတယ်လို့ မူးဒီးစ် က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အမေရိကန် အစိုးရရဲ့ တင်နေတဲ့ အကြွေးတွေလည်း လျော့ကျလာနေတယ်လို့ ဆိုပါတယ်။

မူးဒီးစ်လိုဘဲ အလားတူ ငွေချေးနိုင်ခွင့် အဆင့်သတ်မှတ်တဲ့ Standard & Poor's က လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက အမေရိကန်ကို အဆင့်လျော့ခဲ့ပြီး ပြီးခဲ့တဲ့ လကမှ အမေရိကန် စီးပွားရေး ရေရှည် တိုးတက်မယ့် အလားအလာ ရှိတဲ့အတွက် အေသုံးလုံး အဆင့်ကို ပြန်တိုး သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။