တော်ဝင် နန်းလျာ သားတော်လေး မွေးပြီ

  • 22 ဇူလိုင် 2013
Image caption သားတော်လေး မွေးဖွားကြောင်း နန်းတော်က ကြေညာချက် ထုတ်ပြန်နေပုံ

ကိန်းဘရစ်ချ် မြို့စားကတော် ကတ်သရင်း မစ်ဒယ်တန်ဟာ တော်ဝင် နန်းလျာ သားတော်လေးကို အောင်မြင်စွာ မွေးဖွားခဲ့ကြောင်း Kensinton Palace က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

သားတော်လေးဟာ ရှစ်ပေါင်နဲ့ ခြောက်အောင်စရှိပြီး ဒေသ စံတော်ချိန် ညနေ လေးနာရီ ၂၄ မိနစ်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

မိခင်ရော ကလေးပါ ကျန်းမာပြီး ဒီတညတော့ ဆေးရုံမှာ ဆက်နေဦးမှာ ဖြစ်တယ်လို့ နန်းတော်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ