ပါလက်စတိုင်းအကျဉ်းသားတွေ အစ္စရေးပြန်လွှတ်မယ်

  • 20 ဇူလိုင် 2013
Image caption အစ္စရေးနဲ့ ပါလက်စတိုင်း ဆွေးနွေး မှုတွေ ပြန်စ တော့မယ်လို့ မစ္စတာ ကယ်ရီ ပြောကြားပြီး နောက် အခုလို ကြေညာ

ပါလက်စတိုင်း အကျဉ်းသား တွေကို အရေ အတွက် အကန့် အသတ်နဲ့ ပြန်လွှတ် ပေးဖို့ စီစဉ် နေတယ်လို့ အစ္စရေး အစိုးရက ကြေညာ လိုက် ပါတယ်။ ဒါဟာ ငြိမ်းချမ်း ရေး ဆွေးနွေး မှုတွေ ပြန်စ တော့မယ့် ဆိုတဲ့ လက္ခဏာ ကို ပြသ လိုက်တာလည်း ဖြစ်ပါ တယ်။

အစ္စရေး နိုင်ငံတကာ ဆက်ဆံရေး ဝန်ကြီး ယူဗာလ် စတိန်းနစ်ဇ် က အကျဉ်းသား တွေကို အဆင့်လိုက် ပြန်လွှတ် ပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

တချို့ အကျဉ်းသားတွေ ဆိုရင် နှစ်ပေါင်း ၃၀ လောက် အထိ ထောင်ကျ နေတာလို့ သူက ပြောလိုက်ပြီး၊ အဲဒီ သူတွေကို Heavyweight တွေ အဖြစ် ဖေါ်ပြ ပြောဆို လိုက်ပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်း အကြား ငြိမ်းချမ်းရေး တိုက်ရိုက် တွေ့ဆုံ ဆွေးနွေး မှုတွေ မကြာခင် ပြန်စဖို့ သဘောတူ လိုက်ကြပြီ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry က ထုတ်ဖေါ် ပြောကြား လိုက်ပြီး နောက်တနေ့ မှာပဲ အစ္စရေးက အခုလို ကြေညာ လိုက်တာပါ။

ဒါဟာ သုံးနှစ် အတွင်း ပထမဆုံး အကြိမ် ပြန်စမယ့် ဆွေးနွေးပွဲလည်း ဖြစ်ပါ လိမ့်မယ်။

ဒါမေယ့်လည်း နယ်ခြားကိစ္စ၊ ဂျူးအခြေချ အိမ်ယာနဲ့ ဂျေယုဆလင် ကိစ္စရပ် တွေလို အဓိက အကြောင်း အရာတွေ အပေါ် နှစ်ဘက် စလုံးဟာ သဘောထား ကွဲနေ ကြဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ