ဘယ်လ်ဂျီယံမှာ ဘုရင်သစ် နန်းတက်

  • 21 ဇူလိုင် 2013
Image caption ဖွဲ့စည်းပုံနဲ့ ဥပေဒတွေကို လိုက်နာပြီး၊တိုင်းပြည် လွတ်လပ်ရေး နဲ့ အချုပ်အချာအာဏာကို ထိန်းသိမ်းပါ့မယ်လို့ ကျမ်းကျိန်

ဘယ်လ်ဂျီယံ ဘုရင် မင်းမြတ်ကြီး ဖီလစ်ပ် ဟာ တိုင်းပြည်ရဲ့ ၇ ဆက် မြောက် ဘုရင် အဖြစ် ကျမ်း သစ္စာ ကျိန်ဆိုခဲ့ ပြီးနောက် တော်ဝင် ဘုရင့် နန်းတော်ရှေ့ လသာဆောင်မှာ ထွက်လာ ခဲ့ပါတယ်။

ဘုရင်သစ်ကြီးနဲ့ မိဖုရားကြီး မာထီဒါ တို့ဟာ သူတို့ရဲ့ ရင်သွေး ၄ ဦးနဲ့အတူ လသာဆောင်မှာ ထွက်ရှိ လာတာကို ကြီးမား လှတဲ့ လူအုပ်ကြီး ကနေ နှုတ်ဆက် ခဲ့ကြ ပါတယ်။

ဖခမည်းတော် ဖြစ်သူ အဲဘတ်ဟာ အသက် အရွယ်ရ လာပြီး ကျန်းမာရေး ယိုယွင်း လာတာ ကြောင့် နန်းစွန့်ပြီး၊ အိမ်ရှေ့စံ သားတော် ဖီလစ်ပ်ကို အစောပိုင်းမှာ အရိုက် အရာ လွှဲပေး လိုက်တာ ဖြစ်ပါတယ်။

ဘုရင်သစ် ဖီလစ်ပ်ဟာ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံနဲ့ ဥပေဒတွေကို လိုက်နာပြီး၊ တိုင်းပြည် လွတ်လပ်ရေးနဲ့ အချုပ်အချာ အာဏာကို ထိန်းသိမ်း ပါ့မယ်လို့ ကတိ ကဝတ် ပြု ကျမ်းကျိန်ခဲ့ ပါတယ်။ အဲဒီ အချိန်မှာ ပါလီမန် အမတ်တွေက ကောင်းချီး ပေးခဲ့ကြ ပါတယ်။

ဒတ်(ချ) စကားပြော ဖလီမစ်ရှ် ခွဲထွက်ရေး ပါတီ တခု ကတော့ အခု အခမ်း အနားကို သပိတ်မှောက် ခဲ့ကြပြီး၊ အကြီးဆုံး အတိုက်အခံ ပါတီ ကလည်း အခမ်း အနား ကို ကိုယ်စားလှယ် အကန့် အသတ် နဲ့သာ စေလွှတ်ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ