လက်ရှိ ဂျပန်ဝန်ကြီးချုပ် ပါတီ မဲအသာရနေ

  • 21 ဇူလိုင် 2013
ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေး
Image caption ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေး

NHK ရဲ့ ခန့်မှန်းချက် အရ ဆိုရင် ဝန်ကြီးချုပ် အာဘေးရဲ့ အယ်လ်ဒီပီနဲ့ သူ့ရဲ့ မိတ်ဖက် ကိုမေတို ပါတီ သစ်က အထက် လွှတ်တော် မှာ အမတ် ၁၂၁ ယှဉ်ပြိုင်ရာ အနည်းဆုံး ၇၁ နေရာ ရနိုင်တယ် လို့ဆိုပါတယ်။

ဒီအတိုင်း မှန်ရင်တော့ ၆နှစ် အတွင်း ပထမဆုံး အကြိမ် မစ္စတာ အာဘေး အနေနဲ့ လွှတ်တော်၂ ရပ်လုံးကို ထိန်းချုပ် ထားနိုင် တော့မှာ ဖြစ်ပါတယ်။

ဂျပန်ပြည်မှာ ဝန်ကြီးချုပ်တွေ ဝင်လိုက် ထွက်လိုက် ဖြစ်နေ ရတဲ့ အဓိက အချက်က ပါလီမန်မှာ ထိပ်တိုက် ပိတ်ဆို့ နေလို့ ဖြစ်ပါတယ်။

တကယ်တော့ အခု မဲရလဒ်တွေ တနင်္လာနေ့ ကျမှ တရားဝင် ထွက်လာမှာ ဖြစ်ပါတယ်။ မီဒီယာက တော့ မဲမေးသူ အရေ အတွက် သိပ်မများ ဘူးလို့ ဆိုပါတယ်။

ဂျပန် အထက် လွှတ်တော်ဟာ အောက်လွှတ်တော် လောက် အားမကောင်း ပေမယ့် အစိုးရရဲ့ ဥပဒေကြမ်း တင်တာတွေကို ပိတ်ဆို့ နိုင်ပါတယ်။ မကြာမီ နှစ်တွေ အတွင်း အတိုက် အခံ ပါတီတွေ စုပေါင်း အမတ် နေရာက အထက် လွှတ်တော်ကို ထိန်းချုပ် နိုင်တဲ့ အတွက် လွှတ်တော်ဟာ အဖြေ မထွက်ဘဲ အလှည့် အပြောင်း အမျိုးမျိုးနဲ့ ကြုံတွေ့ရ ပါတယ်။

ဒါကြောင့် အုပ်စု ကွဲတာတွေ ဝန်ကြီးချုပ် အပြောင်း အလဲတွေ မကြာခဏ ဖြစ်ရတာပါ။

နှစ်၂၀ ကျော်တန့် နေတဲ့ ဂျပန် စီးပွားရေး ပြန် နလံထူ အောင်လုပ်တဲ့ အာဘေးရဲ့ စီးပွားရေး ပြုပြင်မှုကို အတော် ထောက်ခံမှု ခိုင်မာ ပါတယ်။

သူ့ရဲ့ ညွန့်ပေါင်း အစိုးရ အာဏာ ရလာ ကတည်းက စီးပွားရေး ၄ ရာခိုင်နှုန်း တက်လာ သလို စတော့ စျေးကွက်လည်း ၄၀ ရာခိုင်နှုန်း ပြန်တက် လာပါတယ်။

သူရဲ့ အဓိက လုပ်ဆောင်ချက်က ဂျပန် ဗဟိုဘဏ်က ငွေအများကြီး ထုတ်သုံး လိုက်သလို အစိုးရ အသုံးစရိတ်လည်း အများကြီး ပိုသုံးတာ ဖြစ်ပါတယ်။

အခုတော့ သူ့ အနေနဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲ ရေးမှာ နည်းစနစ် ပိုင်းပြောင်းဖို့ အခက် အခဲနဲ့ သူရင် ဆိုင်နေရ ပါတယ်။

အဲဒါတွေ ကတော့ ကုန်သွယ်ရေး အတား အဆီးတွေ ဖယ်ရှားဖို့ အခွန် တိုးကောက် ဖို့နဲ့ စီပွားရေး နေရာ အတော် များများကို ပြန် ပြုပြင်ဖို့ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ