ဂျပန်နိုင်ငံမှာ ပါလီမန် ရွေးကောက်ပွဲတွေ အတွက် မဲပေးနေ

  • 21 ဇူလိုင် 2013
Image caption လက်ရှိ အာဏာရ ပါတီ အနိုင်ရမယ်လို့ ယူဆနေ

ဂျပန်နိုင်ငံမှာ ပါလီမန် ရွေးကောက်ပွဲတွေ အတွက် မဲပေးနေကြပါတယ်။

အဲဒီ ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီက အထက်လွှတ်တော်မှာ အသာစီး ရနေတဲ့ အခြေအနေကို ပြန်ရနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

လွှတ်တော် နှစ်ရပ်လုံးမှာ အမတ်နေရာ အများစုနဲ့ အနိုင်ရခဲ့ရင် ပါတီ အတွက် ၂ဝဝ၇ ခုနှစ်နောက်ပိုင် ပထမဆုံး အောင်နိုင်မှု ဖြစ်ပါလိမ့်မယ်။

ဒါ့အပြင် ဒီအောင်နိုင်မှုက နှစ်နှစ်ဆယ်ကျော်လောက် စီးပွားရေး အကြပ်အတည်း ကျနေတဲ့ ဂျပန်နိုင်ငံကို ကယ်ထုတ်မယ်လို့ ဂတိပေးခဲ့ပြီး လွန်ခဲ့တဲ့ ဒီဇင်ဘာတုန်းက အာဏာရခဲ့တဲ့ ဝန်ကြီးချုပ် ရှင်ဇိုအာလေး အတွက်လည်း ကြီးမားတဲ့ ထောက်ခံမှုတွေ ဖြစ်စေပါလိမ့်မယ်။

မစ္စတာ အာဘေးရဲ့ ပါတီကသာ လွှတ်တော် နှစ်ရပ်လုံးမှာ အနိုင်ရခဲ့ရင် ထိခိုက် ဆုံးရှုံးမှုတွေနဲ့ လူကြိုက်နည်းလှတဲ့ ပြုပြင်ပြောင်းလဲရေး တွေကို တွန်းလှန်ပစ်နိုင်မယ့် စွမ်းအားတွေ ရှိသင့်တယ်လို့ ဆိုပါတယ်။