မာလီ ရွေးကောက်ပွဲ အရာရှိနှစ်ယောက်ကို ပြန်ပေးဆွဲ ခံရ

  • 21 ဇူလိုင် 2013
Image caption ပြင်သစ်တပ် ထွက်သွားပြီးနောက် မာလီ အခြေအနေ

မာလီမှာ သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ ရှစ်ရက် အလို ပြင်ဆင်နေကြချိန်မှာ နိုင်ငံမြောက်ပိုင်းမှာ ရွေးကောက်ပွဲ အရာရှိနှစ်ယောက်ကို သေနတ်သမားတွေက ပြန်ပေးဆွဲ သွားခဲ့ပါတယ်။

မြို့တော် Kidal နဲ့ မဝေးလှတဲ့ Tessalit မြို့မှာ မဲပြားတွေ လိုက်ဝေဖို့ ပြင်နေတုန်း အရာရှိနှစ်ယောက် ပြန်ပေးဆွဲ ခံရတာ ဖြစ်ပြီး အဲဒီ အထဲက တယောက် လက်ထောက် မြို့တော်ဝန် ဖြစ်ပါတယ်။

ဒီနှစ် အစောပိုင်းတုန်းက သူပုန်တွေကို ပြင်သစ် တပ်ဖွဲ့တွေက တိုက်ထုတ်ပေးခဲ့ပြီးတဲ့နောက် မာလီ မြောက်ပိုင်းမှာ လုံခြုံရေး အပြည့်အဝ ချမထားတာကြောင့် မဲပေးပွဲတွေ ကျင်းပဖို့ အဆင်သင့် မဖြစ်သေးဘူး ဆိုပြီး စိုးရိမ်ပူပန်မှုတွေ ဖြစ်နေကြပါတယ်။