သြစတြေးလျကို သွားမယ့်လှေ အင်ဒိုနီးရှား ကမ်းရိုးတမ်းမှာ နစ်မြုပ်

  • 24 ဇူလိုင် 2013
Image caption မြုပ်သွားတဲ့ လှေရဲ့ အခြေအနေကို တွေ့ရပုံ

ရာဂဏန်း ချီတဲ့ လူတွေကို တင်ဆောင်ပြီး သြစတြေးလျ နိုင်ငံကို သွားမယ့် လှေတစင်းဟာ အင်ဒိုနီးရှား ကမ်းရိုးတမ်းမှာ နစ်မြုပ်သွားခဲ့ပြီး လှေပေါ်ပါသူတွေဟာ သြစတြေးလျမှာ တရားမဝင် နေထိုင်မယ့်သူတွေလို့ ယူဆရပါတယ်။

သီရိလင်္ကာနဲ့ အီရန်က ခိုလှုံခွင့် တောင်းခံမယ့်သူတွေကို တင်ဆောင်လာတဲ့ အဲဒီ သင်္ဘောဟာ အင်္ဂါနေ့တုန်းက ဂျာဗားကမ်းရိုးတမ်း တောင်ပိုင်းမှာ တိမ်းမှောက်သွားခဲ့တာလို့ သြစတြေးလျ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အခုတော့ ရှာဖွေ ကယ်ဆယ်မှုတွေ လုပ်နေပြီလို့ သြစတြေးလျ ရေကြောင်း ထိန်းသိမ်းရေး အာဏာပိုင်တွေက အတည်ပြု ပြောကြားခဲ့ပြီး အင်ဒိုနီးရှား အာဏာပိုင်တွေကလည်း ပူးပေါင်း ကူညီပေးနေတယ်လို့ ဆိုပါတယ်။

ခိုလှုံခွင့် တောင်းခံသူတွေဟာ မကြာခဏ ဆိုသလို လှိုင်းဒဏ်လေဒဏ် မခံနိုင်တဲ့ လှေတွေနဲ့ အင်ဒိုနီးရှား ကနေ သြစတြေးလျကို ခိုးဝင်ဖို့ ကြိုးစားလေ့ ရှိလို့ အခုလို နစ်မြုပ်မှုတွေ ပေါ်ပေါက်ရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ