ဗြိတိသျှ တော်ဝင် နန်းလျာလေး အတွက် ဂုဏ်ပြု

  • 23 ဇူလိုင် 2013
Image caption နိုင်ငံ တဝန်း မှာ လည်း တရက်ကြာ အထိမ်း အမှတ် ပွဲတွေကို ဆင်ယင် ကျင်းပ ခဲ့ကြ ပါတယ်

ကိမ်းဘရစ်(ချ)မြို့စား မင်းသား ဝီလျံနဲ့ မြို့စား ကတော် ကက်သရင်း မစ်ဒယ်လ်တန် တို့ရဲ့ သားဦး ရတနာ တော်ဝင် နန်းလျာ လေး မွေးဖွား သန့်စင်ပြီး နောက် တော်ဝင် တပ်ဖွဲ့ ကနေ အမြောက်တွေ ပစ်ဖေါက်ပြီး တရားဝင် ဂုဏ်ပြုခဲ့ ပါတယ်။

အဲဒီနောက် မှာတော့ ဝက်စ်မင်စတာ ဘုရားကျောင်း တော်ကြီး ကနေ ခေါင်းလောင်း ထိုးခဲ့ပါတယ်။ ဗြိတိန် နိုင်ငံ တဝန်း မှာ လည်း တရက်ကြာ အထိမ်း အမှတ် ပွဲတွေကို ဆင်ယင် ကျင်းပ ခဲ့ကြ ပါတယ်။

ဘက်ကင်ဟမ် နန်းတော် အပြင်ဘက် အစောင့် တပ်ဖွဲ့တွေ ကနေလည်း နန်လျာလေး အတွက် အစောပိုင်း တုန်းက ဂုဏ်ပြု တေးသံကို တီးမှုတ် ခဲ့ရာမှာ နန်းတော်ရှေ့ ရောက်ရှိ နေတဲ့ လူအုပ်ကြီး တွေကနေ ပျော်ရွှင်စွာ ကောင်းချီး ပေးခဲ့ကြ ပါတယ်။

တော်ဝင် ဇနီးမောင်နှံ ကလည်း ကလေး မွေးဖွား ခဲ့တဲ့ ဆေးရုံက ဝန်ထမ်းတွေကို ကျေးဇူးတင် စကား ပြောကြားပြီး၊ ကျန်းမာရေး ဝန်ထမ်း တွေရဲ့ ကြီးမား လှတဲ့ ဂရုစိုက်မှုကို ရရှိ ခဲ့တယ်လို့ ပြောပါတယ်။

နန်းလျာ သားတော် လေးကို ကိမ်းဘရစ်(ချ) မင်းသား အဖြစ် ကင်ပွန်းတပ် ခေါ်တွင် စေမှာ ဖြစ်ပြီး၊ အင်္ဂါနေ့မှာ ဆေးရုံက ဆင်းကြမယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ