ဝီလီယမ် ၊ ကိတ်နဲ့ မွေးကင်းစ သားလေး ဆေးရုံက ထွက်ခွာ

  • 23 ဇူလိုင် 2013
Image caption ဆေးရုံက အထွက် ပထမဆုံး ကင်းဘရစ်ဂျ် မင်းသားလေးကို မိခင် ၊ ဖခင် တို့နဲ့ အတူ တွေ့ရပုံ

မနေ့က သားရတနာလေး ဖွားမြင်ခဲ့တဲ့ ကင်းဘရစ်ဂျ် မြို့စားကတော် ကက်သရင်း မစ်ဒယ်လ်တန် ဟာ ဆေးရုံကနေ Kensington နန်းတော်ဆီကို ထွက်ခွာသွားပါပြီ။

ဆေးရုံရှေ့မှာ သတင်းထောက်တွေရဲ့ အမေးကို ဖြေကြားရာမှာ မင်းသား ဝီလီယံ က သားလေးဟာ လူထွားလေး ဖြစ်ကြောင်း ၊ မိခင် ဖြစ်သူ ကိတ်နဲ့ တူကြောင်း ၊ သူတို့ အတွက်တော့ အထူးတလည် ဝမ်းမြောက် ဂုဏ်ယူ စရာ ပါဘဲလို့ ဆိုပါတယ်။

ဒါ့အပြင် ကလေးကို နာမယ် မပေးရသေးဘူးလို့ ဝီလီယမ်က ထပ်လောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

ကိတ်ကတော့ ဒီကလေးကို ရတာ သူတို့ အတွက်တော့ ဝမ်းသာစရာ ကောင်းတဲ့ စိတ်လှုပ်ရှားဖွယ်ပါဘဲလို့ သတင်းထောက်တွေရဲ့ အမေးကို ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ