ကမ္ဘာ့ လူငယ်များနေ့ ဖွင့်ပွဲ ဘရာဇီးမှာ ဆင်နွှဲ

  • 24 ဇူလိုင် 2013
Image caption ကမ္ဘာလူငယ်များနေ့ အခမ်းအနား တက်ရောက် သူတွေ

ဘရာဇီး နိုင်ငံ ရီယိုဒီ ဂျနဲရိုးမြို့ Copacabana ကမ်းခြေက ကမ္ဘာ့ လူငယ်များနေ့ အထိမ်းအမှတ် ဖွင့်ပွဲ အခမ်းအနားမှာ လူအများအပြား စုရုံး ရောက်ရှိနေပါတယ်။

နိုင်ငံတကာ ဆိုင်ရာ အဲဒီ အခမ်းအနားဟာ တကမ္ဘာလုံးက ရိုမန် ကတ်သလစ်တွေ စိတ်ဝင်တစား တက်ရောက်တဲ့ ပွဲလည်း ဖြစ်ပါတယ်။

ပင်လယ် ကမ်းခြေမှာ ကျင်းပတဲ့ အဲဒီ အခမ်းအနား ဖွင့်ပွဲကို လူပေါင်း တသန်းကျော် တက်ရောက်တယ်လို့ ခန့်မှန်းပြောဆိုနေကြပြီး ဒါဟာ သီတင်း တပတ်လုံး ကျင်းပမယ့် ဘာသာရေး ပွဲတော်ရဲ့ အစလည်း ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ ဒီလူငယ်ပွဲတော်ကို တက်ဖို့ ဘရာဇီးမှာ ရောက်နေတာ ဖြစ်ပေမယ့် ဖွင့်ပွဲ ကိုတော့ တက်ရောက်မှာ မဟုတ်ဘဲ ကြာသပတေးနေ့မှာ ကျင်းပမယ့် အခမ်းအနား ကိုတော့ တက်ရောက်မယ်လို့ သိရပါတယ်။

အခမ်းအနားမှာ လူတွေက ပုပ်ရဟန်းမင်းကြီးရဲ့ မွေးရပ် အာဂျင်တီးနား နိုင်ငံ အလံတွေကို ဝှေ့ယမ်း ကိုင်ဆောင်ခဲ့ကြပါတယ်။