အာတိတ် အရည်ပျော်မှု စီးပွားရေး စိုးရိမ်ရ

  • 24 ဇူလိုင် 2013
artic
Image caption ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်မှု အရှိန် တက်လို့ ရေခဲပြင် အရည်ပျော်မှု ဆိုးရွား

ကမ္ဘာ့ မြောက်ဝင်ရိုးစွန်း အာတိတ် စက်ဝိုင်း ကြမ်းပြင်က ရေခဲတွေ အရည်ပျော်ပြီး မီသိန်း ဓာတ်ငွေ့ အမြောက် အများ ထုတ်လွှတ်မှု ကြောင့် ကမ္ဘာ့ စီးပွားရေး အကြီးအကျယ် ထိခိုက် နိုင်တယ်လို့ သိပ္ပံ ပညာရှင် များက တွေ့ရှိ ခဲ့ပါတယ်။

ဒီလို ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်မှု အရှိန် တက်လာ လို့ ပင်လယ် ရေခဲပြင် အရည်ပျော်မှု ပိုမို ဆိုးရွား လာပြီး ကမ္ဘာ့ အပူချိန် တက်လာတဲ့ အတွက် ဒေါ်လာ ဘီလျံ ၆ဝ,ဝဝဝ လောက်ထိ ထိခိုက် နစ်နာ နိုင်ပါတယ်။

ဒီပမာဏဟာ မနှစ်က ကမ္ဘာ့ စီးပွားရေး တခုလုံးရဲ့ တန်ဖိုးနဲ့ ညီမျှ မတတ် ဖြစ်နေပါတယ်။

ဒီထိခိုက်မှု ၈ဝ ရာခိုင်နှုန်းကို ဖွံ့ဖြိုးဆဲ တိုင်းပြည် တွေက ပိုခံစားရဖွယ် ရှိပြီး ရာသီဥတု ပြင်းထန် ဆိုးရွားလာမှု၊ ကောက်ပဲသီးနှံ အထွက် ဆုတ်ယုတ်မှုနဲ့ ကျန်းမာရေး အဆင့်အတန်း နိမ့်ကျ လာမှုတွေ ဖြစ်လာ နိုင်တယ်လို့ သဘာဝ သိပ္ပံ ဂျာနယ် က ဖော်ပြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ