အကြမ်းဖက်မှုကို ဆန္ဒပြဖို့ အီဂျစ် တပ်ချုပ်ပြော

  • 24 ဇူလိုင် 2013
egypt_army_chief
Image caption အီဂျစ် စစ်ဦးစီးချုပ် အဲလ် စီစီ

အီဂျစ် စစ်တပ် ဦးစီးချုပ် ဖြစ်တဲ့ အက်ဗ် အဲလ် ဖာတာ အဲလ် စီစီက လာမယ့် သောကြာနေ့မှာ သူ့အဆိုအရ အကြမ်းဖက်မှု တိုက်ဖျက်ရေးကို ထောက်ခံ ဆန္ဒပြ ချီတက် ကြဖို့ ဆော်ဩ လိုက်ပါတယ်။

မစ္စတာ အဲလ် စီစီက ဆူပူမှုနဲ့ အကြမ်းဖက်မှု တွေကို ဆန့်ကျင် တိုက်ဖျက်ဖို့ လူထုရော စစ်တပ်နဲ့ ရဲ တွေပါ ချီတက်ကြဖို့ ပြောလိုက်ပါတယ်။

ဒါကတော့ ဖြုတ်ချ ခံခဲ့ရတဲ့ သမ္မတ ဟောင်း မိုဟာမက် မော်ဆီကို ထောက်ခံ ကြသူတွေနဲ့ အတိုက်အခံတွေ အကြား သွေးထွက်သံယို ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေ နောက်မှာ အခုလို ပြောကြား လိုက်တာပဲ ဖြစ်ပါတယ်။

မွတ်စလင် ညီနောင် အဖွဲ့က အကြီးအကဲ တယောက် ကတော့ ဒါဟာ ခြိမ်းခြောက်မှု တခုဖြစ်တယ် ဒါပေမယ့် မော်ဆီကို ထောက်ခံ ကြသူတွေ ကိုတော့ တားဆီး နိုင်မှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ