ကိန်းဘရစ်(ချ) မြို့စားမိသားစု တညတာ အတူဖြတ်သန်းခဲ့

  • 24 ဇူလိုင် 2013
_royal_baby_promo
Image caption အသစ်စက်စက် တော်ဝင်မိသားစု

ကိန်းဘရစ်(ချ) မြို့စား ဝီလျံ မင်းသားနဲ့ မြို့စားကတော် တို့ဟာ သူတို့ရဲ့ အိမ်တော် ဖြစ်တဲ့ လန်ဒန် မြို့က ကင်ဆင်တန် နန်းတော်မှာ ပထမဆုံး မိသားစုည ကို အတူ ဖြတ်သန်း ခဲ့ကြပါတယ်။

ဒီသူတို့ရဲ့ ရင်သွေး မင်းသား လေးကို နာမည် မပေး ရသေးပေမယ့်လည်း သူဟာ ဗြိတိသျှ ထီးနန်း အတွက် တတိယ မြောက် နန်းလျာ ဖြစ်လာပြီ ဖြစ်ပါတယ်။

အင်္ဂါနေ့ ညနေက စိန့်မေရီ ဆေးရုံကနေ ထွက်ခွာ ခါနီးမှာ သတင်းထောက် တွေကို ဝီလျံမင်းသားက သူ့သားလေးရဲ့ အဆုတ်တွေ အကုန် အလုပ် ကောင်းကောင်း လုပ်ကြလို့ ကျန်းမာရေး ကောင်းမွန်တဲ့ အကြောင်း ပြောခဲ့ပါတယ်။

တခါ ကလေးက ဘယ်သူနဲ့ တူသလဲလို့ ဝိုင်းမေးကြတဲ့ အခါမှာတော့ ကလေးက အမေနဲ့ ပိုတူတယ် ဆိုပြီး ပြန်လည် ဖြေကြား ခဲ့ပါတယ်။