စနိုဒန် မော်စကိုကထွက်ဖို့ လက်မှတ်ရ

  • 24 ဇူလိုင် 2013
snowden
Image caption မော်စကို လေဆိပ်မှာ ရှိနေတဲ့ စနိုဒန်

ပြီးခဲ့တဲ့ ဇွန်လ ထဲက ရုရှား နိုင်ငံက မော်စကို လေဆိပ်မှာ ရှိနေတဲ့ အမေရိကန် ထောက်လှမ်းရေး ဝန်ထမ်းဟောင်း အက်ဒွပ်စနိုဒန် ကို မော်စကို ကတရားဝင် ထွက်ခွာခွင့် လက်မှတ် ကို ထုတ်ပေး လိုက်ပြီလို့ သိရပါတယ်။

ရုရှားနိုင်ငံမှာ ခေတ္တ ခိုလှုံခွင့် တောင်းခံထားတဲ့ မစ္စတာ စနိုဒန်ကို ရုရှ လူဝင်မှု ဆိုင်ရာ ဌာနက အခုလို လက်မှတ် ထုတ်ပေး လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လက ဟောင်ကောင်ကနေ လေကြောင်းခရီးနဲ့ မော်စကိုကို ရောက်လာ ကတည်းက မစ္စတာ စနိုဒန်ဟာ လေဆိပ်ရဲ့ ခရီးတထောက် နားနေတဲ့ နေရာမှာ နေထိုင် နေခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု ဘက်ကတော့ မစ္စတာ စနိုဒန်ကို အမျိုးသား လျှို့ဝှက်ချက်တွေ ပေါက်ကြား စေခဲ့တဲ့ အပြစ်နဲ့ ရုံးတင်နိုင်ဖို့ အတွက် ရုရှားကနေ နှင်ထုတ်ဖို့ ရုရှားကို တောင်းဆို နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ