တောင်ပိုင်း ဆူဒန်ကို တည်ငြိမ်မှု ရှိစေဖို့ US နဲ့ EU ဖိအားပေးပြီ

  • 26 ဇူလိုင် 2013
Image caption ကတ်ဘိနက် အဖွဲ့တခုလုံးကို ထုတ်ပယ်ခဲ့တဲ့ တောင်ပိုင်း ဆူဒန် သမ္မတ ဆယ်ဗာ ကီးယား

တောင်ပိုင်း ဆူဒန်မှာ နိုင်ငံ့ခေါင်းဆောင်တွေ အနေနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းပြီး အကြမ်းဖက်မှုတွေ မဖြစ်အောင် ကာကွယ် ကြပါလို့ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပ သမဂ္ဂ တို့က တိုက်တွန်း လိုက်ပါတယ်။

သမ္မတ Salva Kiir က ဒုတိယ သမ္မတ အပါအဝင် အုပ်ချုပ်ရေး အဖွဲ့ တခုလုံးကို ရာထူးက ဖယ်ရှားခဲ့ပြီးတဲ့နောက် အခုလို တိုက်တွန်းချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တောင်ပိုင်း ဆူဒန်ရဲ့ တည်ငြိမ်မှု ပျက်ပြားမှာကို အမေရိကန်က အလွန်အမင်း စိုးရိမ်မိတယ်လို့ အိမ်ဖြူတော် ထိပ်တန်း အရာရှိတယောက်က ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက မစ္စတာ ကီးယားက သူ့ရဲ့ ကတ်ဘိနက် အဖွဲ့ကို ရာထူးက ထုတ်ပယ်ခဲ့ပြီးတဲ့နောက် အစိုးရ ဝန်ကြီးဌာန အဆောက်အဦတွေ တဝိုက်မှာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားကြောင်း သိရပါတယ်။

တောင်ပိုင်း ဆူဒန်မှာ သမ္မတနဲ့ ဒုသမ္မတ ရိခ် မာချာတို့ မကြာသေးခင်က စပြီး အာဏာ လွန်ဆွဲမှု ရှိနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ