စပိန်ရထား မှောက်မှု သေဆုံးသူ ၇၈ ဦးရှိ

  • 24 ဇူလိုင် 2013
spain
Image caption Santiago de Compostela မြို့နားမှာ တိမ်းမှောက်

စပိန် နိုင်ငံ အနောက်မြောက် ပိုင်းမှာ ရထား လမ်းချော် တိမ်းမှောက် မှု ကြောင့် လူ အနည်းဆုံး ၇၈ ဦး သေဆုံးပြီး အမြောက် အများ ဒဏ်ရာ ရရှိ သွားပါတယ်။

မက်ဒရစ် မြို့တော်က Ferro မြို့ကို သွားတဲ့ ရထား Santiago de Compostela မြို့နားမှာ တိမ်းမှောက် ခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကွဲသံတခု ကြားရပြီးနောက် ရထားတွဲ တတွဲ လမ်းချော် ထွက်သွားပြီး နောက်ဆုံး ထိုးရပ်သွားတာ မြင်လိုက်ရကြောင်း မျက်မြင် သက်သေ တဦးက ဆိုပါတယ်။

ရထားစီး ခရီးသည် ၂၅ဝ လောက် ပါလာပြီး လမ်းချော်သွားတဲ့ တွဲတွေထဲမှာ တချို့ ပိတ်မိ နေတုန်းလို့ စပိန် သတင်း ဌာန တွေက ရေးသား ပါတယ်။

ဓာတ်ပုံ တွေအရ ရထားမှောက်တဲ့ နေရာ နားမှာ စောင်တွေနဲ့ အုပ်ထားတဲ့ ရုပ်အလောင်း တွေ တွေ့ရပါတယ်။

ဒေသန္တရ အစိုးရက သွေးလှူရှင်တွေ အရေးပေါ် ရှာဖွေ နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ