တရုတ်နိုင်ငံရေး သမား ဘိုရှီလိုင်ကို စွဲချက်တင်ပြီ

  • 25 ဇူလိုင် 2013
Image caption ဘိုရှီလိုင်ဟာ အများ ပြည်သူ ရှေ့မှောက် ကနေ တနှစ် ကျော်ကြာ ပျောက်သွား ခဲ့

တရုတ် နိုင်ငံမှာ လူသိ များတဲ့ နိုင်ငံရေး သမားတဦး ဖြစ်သူ ဘိုရှီလိုင်ကို တံစိုး လက်ဆောင် ယူမှု၊ အာဏာ အလွဲ သုံးစား လုပ်မှု၊ အဂတိ လိုက်စား မှုတွေနဲ့ စွဲချက် တင်လိုက်ပြီ ဖြစ်ပါတယ်။

ဒီအတွက် သူ့ကို သိပ်မကြာခင် သီတင်းပတ်တွေ အတွင်း ရုံးထုတ်ပြီး ကြားနား စစ်ဆေး မှုတွေ ပြုလုပ် တော့မှာ ဖြစ်ပါတယ်။

ဘိုရှီလိုင်ဟာ အများ ပြည်သူ ရှေ့မှောက် ထွက်မလာ တော့ပဲ တနှစ် ကျော်ကြာ ပျောက်သွား ခဲ့ပြီး နောက်မှာ နိုင်ငံ အရှေ့ပိုင်း ဂျီးနန်း မြို့က အစိုးရ အမှုလိုက် ရှေ့နေတွေ ကနေ အခုလို စွဲချက်တင်ဖို့ ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။

ချုံချင်း မြို့ရဲ့ ကွန်မြူနစ် ပါတီ ခေါင်းဆောင်း တဦး ဖြစ်ခဲ့ ဖူးသူ မစ္စတာ ဘိုကို တချိန်တုန်း ကတော့ သူဟာ ပါတီ ထိပ်ပိုင်း ခေါင်ဆောင်း ဖြစ်လာမယ့် ကြယ် တပွင့်ဖြစ်တယ်၊ တိုင်းပြည်ရဲ့ သြဇာ အရှိဆုံးသော ခေါင်းဆောင် တဦး ဖြစ်လာမယ် ဆိုပြီး ဝိုင်း စဉ်းစားထား ကြတာ ဖြစ်ပါတယ်။

မစ္စတာဘို တယောက် နိုင်ငံရေး အရ အခုလို ထိုးကျ သွားခဲ့ ရတာဟာ တရုတ် နိုင်ငံမှာ အာဏာ အကြီးဆုံး အဆင့်တွေ အကြား နိုင်ငံရေး အရ အကွဲ အပြဲ ဖြစ်နေ တာနဲ့ အလွဲ သုံးစား မှုတွေ ရှိနေတယ် ဆိုတာကို ဖေါ်ပြ လိုက်ရာ ရောက်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ