တူနီးရှား ဆန္ဒပြမှု အရှိန်မြင့်

တူနီးရှား ဆန္ဒပြပွဲ

_tunisia_brahimi_
Image caption အတိုက်အခံ ခေါင်းဆောင် ဘရာဟီးမီး

ထောင်သောင်းချီ တဲ့ တူနီးရှား နိုင်ငံသားတွေ ဟာ အတိုက်အခံ ခေါင်းဆောင် လုပ်ကြံခံရ အပြီး နောက်တနေ့ မှာ Tunis မြို့တော် မှာ စုရုံးကြယင်း အစ္စလမ် ဝါဒီတွေ ခေါင်းဆောင်တဲ့ အစိုးရ ကို ဆန့်ကျင် ဆန္ဒပြ နေကြပါတယ်။

အာဏာရ Ennahda party ဟာ အတိုက်အခံ ခေါင်းဆောင် မိုဟာမက် ဘရာဟီးမီး ကို လုပ်ကြံမှု နဲ့ အကြုံးဝင် ပတ်သက်မှု ရှိတယ် ဆိုပြီး အစိုးရ အဖွဲ့ နှုတ်ထွက် ဖို့ တောင်းဆို ကြတာ ဖြစ်ပါတယ်။ အထွေထွေ သပိတ် ခေါ်လိုက်တဲ့ အနေအထား ဖြစ်တဲ့ အတွက် စျေးဆိုင် တွေ နဲ့ စီးပွားရေး လုပ်ငန်း အများအပြား ပိတ်ထားကြ တဲ့ အပြင် လေကြောင်း လိုင်းတွေ ပါ ရပ်ဆိုင်းနေပါတယ်။

အခု ဆန္ဒ ပြမှု ဟာ ဆိုရင် ပြီးခဲ့တဲ့ ၆ လ က အတိုက်အခံ ခေါင်းဆောင် တယောက် ဖြစ်တဲ့ Chokri Belaid ကို လုပ်ကြံ အပြီး အစိုးရ ကို ဆန့်ကျင် ဆန္ဒပြ တာနဲ့ အလားတူပါတယ်။

ပြည်ထဲရေး ဝန်ကြီး ကတော့ မိုဟာမက် ဘရာဟီးမီး လုပ်ကြံမှု မှာ အဓိက မသင်္ကာဖွယ် အဖြစ်အစ္စလမ် အစွန်းရောက် တယောက် ရဲ့ အမည် ကို ထုတ်ဖေါ် လိုက်ပါတယ်။