ဘန်ဂါဇီ အကျဉ်းထောင်ဖောက်မှု ဖြစ်ပွား

  • 27 ဇူလိုင် 2013
Image caption ဘန်ဂါဇီ မြို့က ရဲစခန်းတခု ဗုံးဖောက်ခွဲခံရစဉ်က

လစ်ဗျား နိုင်ငံ အရှေ့ပိုင်း Benghazi မြို့မှာ အကျဉ်းထောင်ဖောက်မှု ဖြစ်ပွားခဲ့ပါတယ်။

စနေနေ့ မနက် အစောပိုင်းတုန်းက Alkwafiya အကျဉ်းထောင် ဖောက်မှုကြောင့် အကျဉ်းသား တထောင့် နှစ်ရာလောက် ထွက်ပြေး လွတ်မြောက်သွားပါတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားတွေထဲမှာ လစ်ဗျား ခေါင်းဆောင်ဟောင်း ဗိုလ်မှူးကြီး ကဒါဖီ ကို ထောက်ခံခဲ့တယ်လို့ ယူဆရသူ အနည်းအကျဉ်း ပါဝင်တယ်လို့ သိရပါတယ်။

သူတို့ဟာ လစ်ဗျားမှာ ပြည်တွင်းစစ် ဖြစ်ခဲ့ပြီးတဲ့နောက် လုံခြုံရေး တပ်စခန်းတွေကို တိုက်ခိုက်မှုနဲ့ စွဲချက်တင် ခံထားရတာ ဖြစ်ပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေက ဘီဘီစီကို ပြောပြရာမှာ ထွက်ပြေးသွားသူ တချို့ကို ပြန်ဖမ်းမိခဲ့တယ်လို့ ဆိုပေမယ့် အရေအတွက် ဘယ်လောက်လဲ ဆိုတာတော့ ပြောမသွားခဲ့ ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ