အီဂျစ် ဆန္ဒပြမှု သေဆုံးသူ များလာ

  • 27 ဇူလိုင် 2013
Image caption စစ်တပ် ကနေ ပစ်သတ်လို့ သေဆုံး ခဲ့ရတာ ဆိုပြီး မွတ်ဆလင် ညီနောင်များ အဖွဲ့က စွပ်စွဲ

ရာထူးက ဖြုတ်ချ ခံခဲ့ရတဲ့ အီဂျစ်သမ္မတ မိုဟာမက် မော်စီကို ထောက်ခံသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေ အကြား ကိုင်ရို မြို့မှာ ထိပ်တိုက် ရင်ဆိုင် မှုတွေ ဖြစ်ပွား ခဲ့ရာ၊ မစ္စတာ မော်စီကို ထောက်ခံသူ အများ အပြား သေဆုံး သွားခဲ့ ရပါတယ်။

မစ္စတာ မော်စီကို သမ္မတ ရာထူး ပြန်ပေးဖို့ ဆန္ဒပြ သူတွေက တောင်းဆို ခဲ့ကြ တာပါ။

ဒီဆန္ဒပြမှု တွေကို စည်ရုံး ဆောင်ရွက် ခဲ့တဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့ ပြောတာ ကတော့ ကိုင်ရိုမြို့ ရာဘာ အဲလ် အဒါဝီယာ ဗလီ အနီး ဖြစ်ပွား ခဲ့တဲ့ အကြမ်းဖက် မှုတွေမှာ ဆန္ဒပြ သူ ၁၂၀ ကျော် သေဆုံး သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ စစ်တပ် ကနေ ပစ်သတ်လို့ သေဆုံး ခဲ့ရတာ ဆိုပြီး မွတ်ဆလင် ညီနောင်များ အဖွဲ့က စွပ်စွဲပါတယ်။

ဆရာဝန်တွေ ကလည်း သေဆုံး သူတွေဟာ ရင်ဘတ် ဒါမှမဟုတ် ဦးခေါင်းမှာ သေနတ် ဒဏ်ရာ ရရှိထား ကြတယ်လို့ ဆိုပါတယ်။

ပြည်ထဲရေး ဝန်ကြီး ကတော့ စစ်တပ်ဟာ တိုက်ခိုက် ခံခဲ့ ရလို့ ပြန်ပြီး တုံ့ပြန် ဆောင်ရွက် ခဲ့တာလို့ ပြောပါတယ်။ နောက်ပြီး မော်စီ ထောက်ခံ သူတွေရဲ့ ထိုင် ဆန္ဒပြ နေတာ တွေကို လည်း မကြာခင် ကိုင်တွယ် ဖြေရှင်း သွားမယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ