လုပ်ကြံခံခဲ့ရတဲ့ တူနီးရှား အတိုက်အခံကို သဂြိုဟ်

  • 27 ဇူလိုင် 2013
Image caption အာဏာရ အစ္စလာမ်မစ် ပါတီ ကို ဆန့်ကျင်တဲ့ ကြွေးကြော် သံတွေ အော်ဟစ် ခဲ့ကြ

တူနီးရှား နိုင်ငံမှာ လုပ်ကြံ ခံခဲ့ ရတဲ့ အတိုက် အခံ နိုင်ငံရေး သမား မိုဟာမတ် ဘရာမီ အတွက် အသုဘကို နိုင်ငံတော် စျာပန အနေနဲ့ ကျင်းပခဲ့ပြီ ဖြစ်ပါတယ်။

သူ့ အလောင်း ထည့်ထားတဲ့ အခေါင်းကို နိုင်ငံတော် အလံ ခြုံလွှမ်းပြီး မြို့တော် ကျူးနစ် ကို ဖြတ်ကာ လူပေါင်း ထောင်နဲ့ချီ လိုက်လံ ပို့ဆောင်ခဲ့ကြ ပါတယ်။ ပို့ဆောင် သူတွေဟာ အာဏာရ အစ္စလာမ်မစ် ပါတီ ဖြစ်တဲ့ အန်နက်ဒါ ပါတီကို ဆန့်ကျင်တဲ့ ကြွေးကြော် သံတွေ အော်ဟစ် ခဲ့ကြပါတယ်။

မစ္စတာ ဘရာမီကို ပြီးခဲ့တဲ့ ၆ လက လုပ်ကြံ ခံခဲ့ ရတဲ့ အတိုက် အခံ ခေါင်ဆောင် တဦး ဖြစ်သူ Chokri Belaid ကို သဂြိုဟ် ထားတဲ့ နေရာ ဘေးမှာပဲ မြေမြှုပ် သဂြိုဟ် လိုက်ပါတယ်။

မစ္စတာ ဘရာမီ ဟာ ၆ လ အတွင်း ဒုတိယ မြောက် အသတ် ခံရတဲ့ အတိုက်အခံ တက်ကြွ လှုပ်ရှားသူ ဖြစ်ပါတယ်။ အစိုးရ က ပြောတာကတော့ အစ္စလာမ် အစွန်း ရောက်တွေ ကနေ ဒီလုပ်ကြံမှု နှစ်ခု စလုံးကို ပြုလုပ် ခဲ့တာ ဖြစ်ပြီး သုံးတဲ့ သေနတ် ကလည်း အတူတူပဲလို့ ဆိုပါတယ်။

သောကြာနေ့ ညကလည်း ညလုံးပေါက် ဆန္ဒပြ မှုတွေ ဖြစ်ပွား ခဲ့ရာ၊ အနည်းဆုံး တဦး သေဆုံး သွားပြီး၊ ကျူးနစ်မြို့ ဆင်ခြေဖုံး က ရဲစခန်း တခု အပြင် ဘက်မှာ ဗုံးတလုံး ပေါက်ကွဲခဲ့ ပါတယ်။

အတိုက် အခံ ၆ ပါတီ ကလည်း ပါလီမန် ကနေ နှုတ်ထွက် လိုက်ပြီး၊ အစ္စလာမ်မစ် တွေ ဦးဆောင်တဲ့ အစိုးရကို အမျိုးသား ညီညွတ်ရေး အစိုးရ တရပ်နဲ့ အစားထိုး ဖို့ တောင်းဆို ခဲ့ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ