အီဂျစ်ပြည်ထဲရေး ဆန္ဒပြသူတွေကို သတိပေး

  • 28 ဇူလိုင် 2013
Image caption မစ္စတာ မော်စီကို ထောက်ခံ သူတွေက ကိုင်ရိုမြို့ အရှေ့ဘက် ပိုင်းမှာ ထိုင်သပိတ် ဆင်နွှဲ နေ

အီဂျစ် ပြည်ထဲရေး ဝန်ကြီး မိုဟာမက် အီဘရာဟင်က လုံခြုံရေး ထိခိုက် ပျက်ပြား စေမယ့် ဘယ်လို ဆောင်ရွက်မှု မျိုးကို မဆို အင်အားသုံး ဖြေရှင်းသွား မယ်လို့ သတိပေး ပြောကြားလိုက် ပါတယ်။

ရာထူးက ဖယ်ရှားခံ လိုက်ရတဲ့ သမ္မတ မော်စီကို ထောက်ခံ သူတွေက ကိုင်ရိုမြို့ အရှေ့ဘက် ပိုင်းမှာ ထိုင်သပိတ် ဆင်နွှဲ နေတာကြောင့် ပြည်ထဲရေး ဝန်ကြီး က အခုလို သတိပေး လိုက်တာ ဖြစ်ပါတယ်။

ကိုင်ရိုမြို့ အရှေ့ဘက် ရာဘာ အဲလ် အဒါဝီယာ ဗလီ တဝိုက်မှာ ထိုင်သပိတ် ဆင်နွှဲ နေကြတာ ဖြစ်ပြီး၊ အဲဒီကို ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ပြောတာ ကတော့ စနေနေ့က သွေးထွက် သံယို မှုတွေ ဖြစ်ခဲ့ ပြီးနောက် အခုတော့ အခြေ အနေ တွေဟာ ငြိမ်သက် နေတယ်လို့ ဆိုပါတယ်။

ဆန္ဒပြသူ တွေ ကတော့ လုံခြုံရေးတွေ လာလို့ မရအောင် အကာ အရံတွေကို ထပ်ပြီး တိုးချထား ပါတယ်။

ကိုင်ရိုမြို့ တခြား နေရာ တွေမှာ ရုန်းရင်း ဆန်ခတ် မှုတွေ ဖြစ်ပွား ခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် နေပြီး၊ နိုင်ငံပိုင် သတင်း အေဂျင်စီက ကြေညာ သွားရာ မှာတော့ မစ္စတာ မော်စီကို ထောက်ခံသူ တဦး သေဆုံး သွားပြီးနောက် အဲဒီသူ အတွက် ပို့တ်ဆိတ်မြို့ အသုဘမှာ ပစ်ခတ် မှုတွေ ရှိခဲ့ တာလို့ ဆိုပါ တယ်။

အကြမ်းဖက် မှုတွေ အတွက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ရှုတ်ချ ပြောဆိုလိုက် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ