အင်ဒို နီးရှားနဲ့ အိန္ဒိယက ကမ္ဘာမှာ ငါးမန်း အများဆုံးဖမ်း

  • 30 ဇူလိုင် 2013
Sharks
Image caption တရားလွန် ဖမ်းဆီးမှု တွေကြောင့် ငါးမန်းတွေ ရှားပါးနေ

အင်ဒို နီးရှားနဲ့ အိန္ဒိယ နိုင်ငံတို့ဟာ ကမ္ဘာမှာ ငါးမန်း ဖမ်းဆီးမှု အများဆုံး နှစ်နိုင်ငံ အဖြစ် ဥရောပ သမဂ္ဂ က တာဝန် ပေးထားတဲ့ လေ့လာ သုတေသန အဖွဲ့ က ထုတ်ဖော် ပြောလိုက် ပါတယ်။

၂၀၀၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် အတွင်း ဖမ်းဆီးခဲ့တဲ့ ငါးမန်း ကောင်ရေ စုစုပေါင်းရဲ့ ၅ ပုံ နှစ်ပုံကို အဲဒီ နှစ်နိုင်ငံက ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သဘာဝ တောရိုင်း တိရစ္ဆာန် စောင့်ကြည့် လောလာရေး ကွန်ရက် က ပြော ပါတယ်။

တရုတ် နိုင်ငံက ငါးမန်းတောင် ဝယ်လိုအား ကြီးမားတဲ့ အတွက် အလွန် အကျွံ ဖမ်းဆီးမှု တွေကြောင့် ငါးမန်း အရည် အတွက် သိသိ သာသာ လျော့ကျ သွားခဲ့တာ ဖြစ်ပါတယ်။

လေ့လာ သူတေ သန အဖွဲ့က ငါးမန်း ဖမ်းဆီးမှု အများဆုံး နိုင်ငံပေါင်း ၂၀ ရဲ့ အမည် စာရင်းကိုလည်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ငါးမန်းတောင် ကုန်သွယ်မှု လုပ်တဲ့ နိုင်ငံတွေကို လည်း ထုတ်ပြန် ကြေညာခဲ့ ရာမှာ ဘင်္ဂလားဒေ့ရှ်၊ အာရပ် စော်ဘွားများ ပြည်ထောင်စုနဲ့ စင်္ကာပူ နိုင်ငံတို့ ပါဝင် ပါတယ်။