တာလီဘန်တွေ ပါကစ္စတန် ထောင်ကို ဝင်စီး

  • 30 ဇူလိုင် 2013
Image caption လွတ်မြောက် သွားသူတွေ ထဲက သုံးဆယ် ဟာ အမာခံ စစ်သွေးကြွတွေ ဖြစ်ကြတယ်

ပါကစ္စတန် အနောက် မြောက်ပိုင်းက အကျဉ်းထောင် တစ်ခုကို တာလီဘန် စစ်သွေးကြွ တွေက စီးနင်း တိုက်ခိုက်ပြီး အကျဉ်းသား ၂၅၀ နီးပါးကို လွှတ်ပေး လိုက်ပါတယ်။

လွတ်မြောက် သွားသူတွေ ထဲက သုံးဆယ် ဟာ အမာခံ စစ်သွေးကြွတွေ ဖြစ်ကြတယ်လို့ အရာရှိတွေက ပြောပါတယ်။

လက်နက်တွေ အကြီး အကျယ်ကိုင်ဆောင် လာကြတဲ့ သူပုန် တွေဟာ Dera Ismail Khan မြို့က အကျဉ်းထောင်ကို သွယ်တန်း ထားတဲ့ လျှပ်စစ် ဓါတ်အား လိုင်းကို ဖောက်ခွဲ ဖျက်ဆီး လိုက်ပြီးတဲ့နောက် ထောင်ထဲကို ဝင်ရောက်လာခဲ့ ကြတာ ဖြစ်ပါတယ်။

ရဲဝတ်စုံတွေ ဝတ်ဆင် ထားသူ တချို့ ပါတဲ့ စစ်သွေးကြွတွေက အကျဉ်းသားတွေ တစ်ယောက် မကျန် ထွက်လာ ကြဖို့ အသံချဲ့ စက်တွေ သုံးပြီး ပြောဆိုခဲ့ကြ ပါတယ်။

ဒီ စီးနင်း တိုက်ခိုက်မှု ကြောင့် ရဲအရာရှိ ၆ ယောက်နဲ့ စစ်သွေးကြွ အတော် များများလည်း သေဆုံး ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ