ဇင်ဘာဘွေ ရွေးကောက်ပွဲ အတွက် စတင်မဲပေး

  • 31 ဇူလိုင် 2013
Image caption မဲရုံတွေမှာ မဲပေးဖို့ လူတန်းရှည်ကြီးတွေနဲ့ တန်းစီ စောင့်ဆိုင်း

ဇင်ဘာဘွေနိုင်ငံမှာ ဆန္ဒမဲပေးခွင့် ရှိသူ စာရင်း လိမ်ညာ ဖေါ်ပြမှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ပေါ်ထွက်နေချိန်မှာပဲ ရွေးကောက်ပွဲအတွက် ပြည်သူတွေ စတင် မဲပေးနေကြပါပြီ။

တိုင်းပြည်ကို နှစ်ပေါင်း ၃၃နှစ် အုပ်ချုပ်လာခဲ့တဲ့ သမ္မတ Robert Mugabeနဲ့ ဝန်ကြီးချုပ် Morgan Tsvangiraiတို့အကြား အကြိတ်အနယ် ယှဉ်ပြိုင် အရွေးခံကြမှာ ဖြစ်ပါတယ်။

မဲရုံတချို့ရဲ့ အပြင်ဘက်မှာ လူတန်းရှည်ကြီးနဲ့ တန်းစီ စောင့်ဆိုင်းနေကြပြီး ရွေးကောက်ပွဲ မဲပေးမှုတွေက လောလောဆယ် အေးအေးဆေးဆေး ရှိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

အသက် ၈၉နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ သမ္မတ မူဂါဘီက ဒီရွေးကောက်ပွဲမှာ သူ ရှုံးနိမ့်ရင် ရာထူးကနေ နှုတ်ထွက်ပေးမယ်လို့ ကတိပြုထားပါတယ်။

လွန်ခဲ့တဲ့ ၅နှစ်က အကြမ်းဖက် အငြင်းပွားမှုတွေနဲ့ အဆုံးသတ်ခဲ့ရတဲ့ နောက်ဆုံး ရွေးကောက်ပွဲ ကတည်းက မစ္စတာ မူဂါဘီနဲ့ မစ္စတာ ရှဲန်ဂါရိုင်းတို့ အကြား သိပ်အဆင်မပြေပဲ မဟာမိတ် အစိုးရအဖွဲ့အဖြစ် အာဏာခွဲဝေ ကျင့်သုံးခဲ့ကြရတာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ