အီဂျစ် ထိုင်သပိတ်တွေ ဖြိုဖို့ အမိန့်ထုတ်

  • 1 ဩဂုတ် 2013
cairo
Image caption ဆက်လက် ဆန္ဒပြ သွားမယ် ဆိုတဲ့ ဆန္ဒပြ သမားတွေ

ကိုင်ရို က သမ္မတဟောင်း မော်စီကို ထောက်ခံ သူ တွေရဲ့ ထိုင် သပိတ် တွေကို ဖြိုခွဲဖို့ အီဂျစ် စစ်တပ် သြဇာခံ အစိုးရက ရဲ ကို အမိန့်ပေး လိုက်ပေမယ့် ထောင်နဲ့ ချီတဲ့ ဆန္ဒပြသူ တွေ ထွက်ခွာ မသွားကြ ပါဘူး။

လွတ်လပ်စွာ စုဝေးခွင့်ကို လေးစား လိုက်နာဖို့ အီဂျစ် အစိုးရကို အမေရိကန်က တောင်းဆို လိုက်ပြီး အသွင်ကူး အစိုးရ အနေနဲ့ ဒီမိုကရေစီကို ပြန်လည် အသက်သွင်း ရမယ့် တာဝန် ရှိကြောင်းလည်း ပြောဆို ခဲ့ပါတယ်။

မွတ်ဆလင် ညီနောင်များ အဖွဲ့ ကတော့ တခြား ရွေးစရာ မရှိတော့ဘဲ ဆက်လက် ဆန္ဒပြ သွားမယ်လို့ ဆိုပါတယ်။

အဖွဲ့ ဒုဥက္ကဋ္ဌ Essam el-Erian ကတော့ ကမ္ဘာ့ ရှေ့မှောက် မှာတင် လူသတ်ပွဲကြီး ဆင်နွှဲဖို့ ပြင်နေပါပြီ၊ အစိုးရရဲ့ သပိတ် ဖြိုခွဲဖို့ အကြံကို အီဂျစ် ပြည်သူတွေနဲ့ ကမ္ဘာ က ခုခံ ဆန့်ကျင် ကြပါလို့ တောင်းဆို သွားပါတယ်။

လူစု လူဝေးကို ဖြည်းဖြည်းချင်း အဆင့်လိုက် ဖြိုခွဲ သွားမယ်လို့ အီဂျစ် ပြည်ထဲရေး ဝန်ကြီးက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ