ဖုန်းထောက်လှမ်းရေး မှတ်တမ်း ကန်ထုတ်ပြန်

  • 1 ဩဂုတ် 2013
us phone
Image caption ကန်အစိုးရ ဖုန်းဖြတ် နားထောင်မှု ကမ္ဘာမှာ ရိုက်ခတ်

တယ်လီဖုန်း ကြားဖြတ် နားထောင်တဲ့ စီမံကိန်း မှတ်တမ်း တချို့ကို အမေရိကန် အစိုးရက အများ ပြည်သူ ကြည့်ရှုဖို့ ထုတ်ပြန် ခဲ့ပါတယ်။

သတင်း အချက် ရယူမှုနဲ့ ပတ်သက်ပြီး ပိုပြီး ပွင့်လင်း မြင်သာ ရှိစေလိုကြောင်း အာဏာပိုင်တွေက ပြောကြား ပါတယ်။

ဒါပေမဲ့ ဒီမှတ်တမ်း တွေထဲမှာ အမေရိကန် ထောက်လှမ်းရေးဟောင်း အက်ဒွပ် စနိုဒန် ထုတ်ဖော် လိုက်တဲ့ အထောက်အထား တော်တော်များများ ပါဝင်လာတာ မတွေ့ရပါဘူး။

ဒီအချိန်မှာပဲ အင်တာနက် သုံးစွဲသူတွေ ပြုလုပ်သမျှ စောင့်ကြည့် မှတ်သား နိုင်တဲ့ လျှို့ဝှက် စက်ကိရိယာ အကြောင်းကို မစ္စတာ စနိုဒန် က ဗြိတိန် ထုတ် ဂါးဒီးယန်း သတင်းစာ မှာ နောက်ထပ် ဖွင့်ချလိုက် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ