အခွန်လိမ်မှုနဲ့ အီတလီ ဝန်ကြီးချုပ်ဟောင်းကို ၄နှစ် ထောင်ချ

  • 1 ဩဂုတ် 2013
Berlusconi
Image caption Berlusconi

Silvio Berlusconiဟာ အနှစ်၂၀နီးပါး အီတလီ နိုင်ငံရေးမှာ သြဇာ အကြီးဆုံး ပုဂ္ဂိုလ်တယောက်ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ဝန်ကြီးချုပ် တာဝန်သုံးကြိမ် ထမ်းဆောင် ဘူးပါတယ်။ အခုတော့ သူဟာ အခွန် လိမ်လည်မှုနဲ့ ထောင်ကျသင့်တယ်လို့ တရားသူကြီးတွေက ဆုံးဖြတ်လိုက်ပါပြီ။ ဒီဆုံးဖြတ်ချက်ကို သူက ဒေါသနဲ့ တုန့်ပြန်ခဲ့ပါတယ်။

သူရင်ဆိုင်နေရတဲ့ အမှုအတော်များများမှာ အခုတကြိမ်က ပထမဆုံး ပစ်ဒဏ်ချမှတ်တဲ့ အမှုဘဲဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ နိုင်ငံရေးလောကမှာ အခုအချိန်ဟာ အမှောင်မိုက်ဆုံး အချိန်အဖြစ်လည်း သူ့အနေနဲ့ မြင်မှာသေချာပါတယ်။ ဒါပေမယ့်တကယ့်တကယ် ထောင်ထဲသွားရမယ့် အနေအထားကို သူမလွဲဧကန် ရှောင်မှာဖြစ်ပါတယ်။ တနည်းအားဖြင့် အသက် အရွယ်ကြောင့် နေအိမ်မှာ အကျယ်ချုပ် ကျမယ့် သဘောဖြစ် ပါတယ်။

နောင်အများပြည်သူနဲ့ ဆိုင်တဲ့ ရုံးတွေ ရွေးကောက်ပွဲတွေမှာ မပါရဘူးလို့လည်း တရားသူကြီးတွေရဲ့အ မိန့်ထဲမှာမပါဝင်ပါဘူး။ ဒီကိစ္စကို အောက်တရားရုံးက ပြန်စိစစ်မှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် Silvio Berlusconiဟာ ကျဆုံးပေမယ့်လုံးဝ နိုင်ငံရေးက ထွက်သွားရတာတော့မဟုတ်ပါဘူး။ သူ့ရဲ့အရှိန်အဝါ ပျောက်ကွယ်သွားပြီး အနှိမ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအချိန်မျိုးမှာတောင် သူ့ကို လျှော့တွက်ရင် မှားသွားနိုင်တယ်လို့ ရောမရှိ ဘီဘီစီ သတင်းထောက် အယ်လင် ဂျွန်ဆင်က သုံးသပ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ