ဩစတေးလျ မိုင်းကုမ္ပဏီ ဒဏ်တပ်ခံရ

  • 2 ဩဂုတ် 2013
bootu_creek
Image caption မိုင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ နေရာ

ဩစတေးလျ နိုင်ငံမှာတော့ အဘိုးရီးဂျင်း ဌာနေတိုင်းရင်းသားတွေရဲ့ အလေးအမြတ် ထားရာ နေရာကို ဖျက်ဆီးခဲ့တဲ့ အမှုနဲ့ သတ္တု တူးဖော်တဲ့ ကုမ္ပဏီကို အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

အိုအမ် မဂ္ဂနီးစ် ကုမ္ပဏီဟာ နိုင်ငံ မြောက်ပိုင်းက TWO WOMEN SITTING DOWN လို့ ခေါ်တဲ့ နေရာကို ပျက်ဆီး စေခဲ့လို့ ဒဏ်ကြေး ဒေါ်လာ ၁သိန်း ၃ သောင်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။

ဒီကုမ္ပဏီကို ဒီဒေသမှာ လုပ်ကိုင်ခွင့် ပေးကတည်းက ဒီလို အထွတ်အမြတ် ထားတဲ့ နေရာတွေကို ရှောင်ရှား ဖို့ အသိပေးထားခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီ ကုမ္ပဏီကလည်း အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပေမယ့် ဖျက်ဆီးမှုတွေတော့ မလုပ်ခဲ့တဲ့ အကြောင်း ငြင်းဆန်ခဲ့ကြပါတယ်။