တာရိုအာဆို မနုတ်ထွက်သေး

  • 2 ဩဂုတ် 2013
japan taro aso
Image caption ဂျပန် ဒုဝန်ကြီးချုပ် တာရို အာဆို

ဂျပန် နိုင်ငံအနေနဲ့ နာဇီတွေဆီကနေ လေ့လာသင့်တယ်လို့ ပြောခဲ့တဲ့ အတွက်နဲ့ ရာထူးကနေ နုတ်ထွက်မှာ မဟုတ်ဘူးလို့ ဂျပန် ဒုတိယ ဝန်ကြီးချုပ် တာရို အာဆိုက သတင်းထောက် တွေကို ပြောလိုက်ပါတယ်။

ဘဏ္ဍာရေး ဝန်ကြီးအဖြစ်ပါ ပူးတွဲ တာဝန် ထမ်းဆောင်နေတဲ့ မစ္စတာ အာဆိုက ကက်ဘိနက် အစည်းအဝေးအပြီးမှာ သူဟာ ဆက်လက်ပြီး တာဝန်ထမ်းဆောင် နေဦးမှာလို့ ပြောကြား လိုက်တာဖြစ်ပါတယ်။

ကြာသပတေး နေ့က မစ္စတာ အာဆိုက နာဇီတွေ ၁၉၃၀ ပြည့်နှစ်တွေ အတွင်းမှာ Weimar ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြောင်းခဲ့တဲ့ ပုံစံမျိုး ဂျပန်ရဲ့ ဖွဲ့စည်းပုံကိုလည်း တိုးတိုးတိတ်တိတ်နဲ့ ပြောင်းလဲ သင့်တယ်လို့ သူက ပြောခဲ့တာကို ကောက်ချက်ချ ရာမှာ လွဲကြတာသာ ဖြစ်တယ်လို့ ပြောပါတယ်။

မစ္စတာ အာဆိုက ဂျပန်နိုင်ငံအနေနဲ့ကိုယ်ပိုင် တပ်မတော် ဖွဲ့စည်းခွင့်ကို ဖွဲ့စည်းပုံထဲမှာ ထည့်သွင်း စေချင်နေတာ ဖြစ်ပါတယ်။

အတိုက်အခံ တွေကတော့ ဒီလို လုပ်ရင် စစ်အင်အားကို အဓိက အားပေးထားတဲ့ အရင် ၁၉ ရာစုနှစ် မေဂျီခေတ် ဖွဲ့စည်းပုံလို ခေတ်နောက်ပြန်ရောက် သွားမယ်လို့ ဆိုကြပါတယ်။

အခု ဖွဲ့စည်းပုံကတော့ အမေရိကန်တွေက ဒုတိယ ကမ္ဘာစစ်အပြီး အကြံပြုလာခဲ့တဲ့ အလယ်အလတ် ကျတဲ့ ဒီမိုကရေစီ လမ်းစဉ်နဲ့ စစ်ကို စွန့်ပယ်ထားတဲ့ ဖွဲ့စည်းပုံ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ