ဇင်ဘာဘွေ ရွေးကောက်ပွဲရလဒ် နှစ်ဘက်စလုံး လေးစားဖို့လို

  • 2 ဩဂုတ် 2013
zimbabwe_election
Image caption မဲပေးဖို့ စောင့်နေကြတဲ့ ဇင်ဘာဘွေပြည်သူများ

ဇင်ဘာဘွေ နိုင်ငံမှာ ရွေးကောက်ပွဲ ရလဒ် တွေနဲ့ ပတ်သက်လို့ သမ္မတ မူဂါဘီရဲ့ ပါတီနဲ့ ပြိုင်ဘက် မော်ဂန် ချန်ဂရိုင်းတို့ ပါတီတွေ အကြား မတူညီတဲ့ ပြောကြားချက်တွေကြောင့် တောင်ပိုင်းအာဖရိက ဒေသ အဖွဲ့အစည်း SADC က ဒီရွေးကောက်ပွဲ ရလဒ်တွေကို ၂ ပါတီ စလုံးက လေးစားကြဖို့ ပြောကြား လိုက်ပါတယ်။

အဲဒီ အဖွဲ့ရဲ့ အကြီးတန်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ဘားနတ် မန်ဘီက SADC အဖွဲ့ အနေနဲ့ ဒီရွေးကောက်ပွဲ ကို လွတ်လပ်တယ်လို့ မှတ်ယူပေမယ့် တရားမျှတမှု ရှိတယ်လို့ ပြောဖို့ရာကတော့ စောလွန်းနေသေးတဲ့အကြောင်း သတင်းထောက် တွေကို ပြောကြားခဲ့ပါတယ်။

အာဖရိက သမဂ္ဂ မစ်ရှင်ရဲ့အကြီးအကဲ အိုလူစ်ဂန် အိုဘဆန်ဂျိုကတော့ ဒီရွေးကောက်ပွဲဟာ ရိုးသား လွတ်လပ်ပြီး ရလဒ် တွေကလည်း အသိအမှတ် ပြုလို့ ရလောက်တယ်လို့လည်း ပြောပါတယ်။

သူက ပြောကြားရာမှာ ဒီလောက် ကောင်းတဲ့ ရွေးကောက်ပွဲမျိုး မမြင်ဘူး ခဲ့တဲ့အကြောင်းနဲ့ တကယ်တော့ အဆင်မပြေမှု တွေကြောင့် ပြည်သူတွေရဲ့ ဆန္ဒကို ရွေးကောက်ပွဲ ရလဒ်တွေက ဘယ်လောက် ထင်ဟတ်သလဲ ဆိုတာ သိဖို့ဖြစ်တဲ့အကြောင်း ပြောကြားသွားပါတယ်။

ဒါပေမယ့် သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ နောက်ထပ် မဲလက်မှတ်ပေါင်း ၂ သန်း လောက် အပို ရိုက်ထုတ်ခဲ့တာ၊ တခါ မဲရုံတွေကနေ မဲပေးသူတွေ ရှောင်ခွာ သွားတာနဲ့ တခြားပြဿနာတွေ ဖြစ်ခဲ့တဲ့ အတွက်ကြောင့်လည်း စိုးရိမ်တဲ့ အကြောင်း ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ