အီရန် သမ္မတသစ် ရာထူး တရားဝင် လက်ခံယူ

  • 3 ဩဂုတ် 2013
Image caption တနင်္ဂနွေနေ့ မှာတော့ မစ္စတာ ရိုဟာနီဟာ အီရန် ပါလီမန်မှာ ကျမ်းသစ္စာ ကျိန်ဆိုရမှာ ဖြစ်ပါတယ်

ဇွန်လ သမ္မတ ရွေးကောက် ပွဲမှာ အနိုင် ရရှိ ခဲ့တဲ့ ဟက်ဆန် ရိုဟာနီကို အီရန် ဘာသာရေး ခေါင်းဆောင် အယာတိုလာ အာလီ ခါမီနီက သမ္မတ ရာထူးကို တရားဝင် အခမ်း အနားနဲ့ အသိ အမှတ် ပြုပေး လိုက်ပြီ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ မှာတော့ မစ္စတာ ရိုဟာနီဟာ အီရန် ပါလီမန်မှာ ကျမ်းသစ္စာ ကျိန်ဆို ရမှာ ဖြစ်ပါတယ်။

ဇွန်လ ရွေးကောက် ပွဲမှာ မစ္စတာ ရိုဟာနီဟာ ပထမ အကျော့ မှာတင် မထင်မှတ်ပဲ တခါတည်း အနိုင်ရ သွားတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ စည်းရုံးရေး ကာလတွေ အတွင်း မှာတော့ ပြုပြင် ပြောင်းလဲ မှုတွေ ဆောင်ရွက်မယ့် အကြောင်း သူက ကတိပေးခဲ့ သလို၊ အထီးကျန် ဖြစ်နေတဲ့ အီရန်ကို နိုင်ငံ တကာနဲ့ ပြန်လည် ဆက်ဆံ အောင် ဆောင်ရွက် မယ်လို့လည်း ကတိပြုခဲ့ ပါတယ်။

ဒါပေမယ့်လည်း မစ္စတာ ရိုဟာနီဟာ အလယ် အလတ် ရှေးရိုးစွဲ သဘောထား ရှိသူ ဖြစ်ပြီး၊ အီရန် ဘာသာရေး ခေါင်းဆောင် ကို ကိုယ်စားပြုတဲ့ အတွင်းလူ ဖြစ်ပါ တယ်။

နောက်ပြီး သူဟာ အဓိက ဆုံးဖြတ်ချက် တွေကို ချနိုင်မယ့်သူ မဟုတ်ဘူးလို့ အီရန်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ