Fonterra နို့ထွက် ပစ္စည်း အဆိပ်သင့်နိုင်

နယူးဇီလန် နိုင်ငံက Fonterra နို့ထွက် ပစ္စည်း ကုမ္ပဏီက ထုတ်လုပ်တဲ့ ကလေး နို့မှုန့် အပါ အဝင် နို့ထွက် ပစ္စည်း တွေဟာ ဘက်တီးရီးယား တမျိုး ကြောင့် အဆိပ်သင့် နိုင်ပြီး၊ စားသုံးမိ ပါက Bolutism ရောဂါ ဖြစ်နိုင် တယ်လို့ နယူဇီးလန် အစိုးရ ကနေ သတိပေး ကြေညာ လိုက် ပါတယ်။

Bolutism ဆိုတာ ကတော့ အဆိုးဆုံး အစာ အဆိပ် သင့်တဲ့ ရောဂါ တမျိုး ဖြစ်ပြီး၊ တခါတခါ လေဖြတ် သလို ကိုယ်ခန္ဓာ အစိတ် အပိုင်းကို သေစေ တတ်တဲ့ ရောဂါ ဖြစ်ပါတယ်။

တရုတ် နိုင်ငံ ကတော့ ဒီလို အဆိပ်သင့် နေတဲ့ နို့ထွက် ပစ္စည်းတွေကို ဆိုင်တွေ ကနေ ချက်ခြင်း ပြန်သိမ်းဖို့ အမိန့် ထုတ်ပြန်လိုက် ပါတယ်။ နောက်ပြီး နယူးဇီလန်က တင်သွင်း ကုန်တွေ ကိုလည်း စစ်ဆေး မှုတွေ တိုးမြှင့် ဆောင်ရွက် ဖို့ပါ အမိန့် ထုတ်ထား ပါတယ်။

Fonterra ကုမ္ပဏီ ကလည်း သြစတြေးလျ ထိုင်း မလေးရှား ဗီယက်နန်နဲ့ ဆော်ဒီ နိုင်ငံတွေ အပါ အဝင် နိုင်ငံ အတော် များများက သူတို့ရဲ့ ဖေါက်သည် တွေကို ဒီနို့ထွက် ပစ္စည်းတွေဟာ အဆိပ်သင့် နိုင်ကြောင်း သတိပေးထား ပါတယ်။

အခုလို စိုးရိမ်မှုတွေ ထွက်လာ ရတာဟာ Fonterra ကုမ္ပဏီရဲ့ စက်ရုံ တခုမှာ ပိုးသတ်ထားခြင်း မရှိတဲ့ ပိုက်လိုင်းတွေ ကြောင့် ဖြစ်ရတာလို့ ဆိုပါတယ်။ အခု အခါ အဲဒီ ပစ္စည်း ထုတ်လုပ် မှုကို ရပ်ဆိုင်း လိုက်ပြီး၊ ထုတ်ကုန် တွေကို လည်း ဆက် မရောင်းတော့ ဘူးလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ