ဇင်ဘာဘွေ ရွေးပွဲ မူဂါဘီ ဗိုလ်စွဲပြန်

  • 3 ဩဂုတ် 2013
mugabe
Image caption မူဂါဘီ သတ္တမ သက်တမ်း အနိုင်ရ

လက်ရှိ သမ္မတ မူဂါဘီက သတ္တမ သက်တမ်း ဆက်လက် အနိုင်ရကြောင်း ဇင်ဘာဘွေ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက် ပါတယ်။

အသက် ၈၉ နှစ် အရွယ် မစ္စတာ မူဂါဘီ က ဆန္ဒမဲ ၆၁ ရာခိုင်နှုန်းနဲ့ အနိုင်ရတာ ပါ။

အဓိက ပြိုင်ဘက် မော်ဂန် ချန်ဂရိုင်း ကတော့ မဲ ၃၄ ရာနှုန်း လောက်ပဲ ရရှိ ပါတယ်။

မစ္စတာ မူဂါဘီရဲ့ ဇာနူး ပီအက်ဖ် ပါတီက အမတ် နေရာ ၃ ပုံ ၂ ပုံ ကျော်နဲ့ လွှတ်တော်မှာ အများစု အနိုင်ရ ထားပြီး အခြေခံ ဥပဒေ ပြင်ဆင် ရေးဆွဲ နိုင်တဲ့ အင်အားကို ရရှိ ထားပါတယ်။

သူလုံးဝ သဘောမတူတဲ့ မဲစာရင်း ရလဒ်ကို စိန်ခေါ်ဖို့ ရုံးတက်မယ် လို့ မစ္စတာ ချန်ဂရိုင်းက ဆိုပါတယ်။

ရွေးကောက်ပွဲ မသမာမှု အသေးစိတ် ကို ထုတ်ပြန် သွားမယ်၊ ဒီကိစ္စ တွေ အတွက် အာဖရိက တောင်ပိုင်း နိုင်ငံများ အုပ်စုက စုံစမ်း စစ်ဆေး ပေးပါ လို့ လည်း ဆိုပါတယ်။

ရွေးကောက်ပွဲ ရလဒ် နဲ့ ပတ်သက်ပြီး မေးခွန်း ထုတ်စရာ ရှိကြောင်း ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလျံ ဟိဂ်က ပြောဆို ပါတယ်။

မဲပေး လာသူ အများအပြားကို မဲရုံဝ က လှည့်ပြန် အောင် လုပ်တာ၊ နောက်ပြီး မဲလက်မှတ် အပိုတွေ အများကြီး ရိုက်ထုတ် ထားတာ စတဲ့ သတင်း အချက် အလက်တွေ ဗြိတိသျှ အစိုးရက ရရှိထားကြောင်း သူက ဆိုပါတယ်။

ကြေညာ လိုက်တဲ့ ရွေးကောက်ပွဲ ရလဒ် တွေဟာ ဇင်ဘာဘွေ ပြည်သူ တွေရဲ့ သဘော ဆန္ဒ အစစ်အမှန် ကို ထင်ဟပ် ပြနိုင်မယ်လို့ အမေရိကန်က မယုံကြည်ဘူး လို့ လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီ က ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ