အာဖဂန် နဲ့ ပါကစ္စတန် မှာ ရေကြီး

  • 5 ဩဂုတ် 2013
 flood
Image caption တောင်ကျရေတွေ လျှံလို့ လူတွေ အိမ်တွေ မျောပါ

အာဖဂန် နစ္စတန် အရှေ့ပိုင်း နဲ့ ပါကစ္စတန် နိုင်ငံတွေမှာ ရက်တွေနဲ့ ချီပြီး မိုးကြီး ခဲ့လို့ ရေဘေး ကြုံနေရာမှာ သေဆုံးသူ အနည်းဆုံး လူ ၈ဝ ရှိသွားပြီ ဖြစ်ပါတယ်။

ကဘူး မြို့ အရှေ့ဘက်က ဝေးလံခေါင်ဖျားတဲ့ Surobi တောင်ပေါ် ခရိုင် မှာ လူ ၃ဝ ကျော် သေဆုံးကြောင်း အာဖဂန် အာဏာပိုင် တွေက ပြောပါတယ်။

လူရာနဲ့ချီ ရွှေ့ပြောင်း ခဲ့ရပြီး လူပေါင်း များစွာ ပျောက်ဆုံး နေဆဲ ဖြစ်ပါတယ်။

ပါကစ္စတန် နယ်စပ် ကိုင်ဘာ တောင်ကြား ဒေသမှာ တောင်ကျရေတွေ လျှံလို့ လူတွေ အိမ်တွေ မျောပါ သွားပါတယ်။

ပါကစ္စတန် တောင်ပိုင်း ကရာချိ မြို့မှာတော့ ဓာတ်လိုက်တာ၊ အိမ်အမိုး ပြိုတာ တွေကြောင့် လူ ၁၉ ဦး သေဆုံး ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ