အီရန် သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆို

  • 4 ဩဂုတ် 2013
Image caption အခြေခံ ဥပဒေ အရ ပြည်သူတွေ အားလုံး ဂုဏ် သိက္ခာ ရှိဖို့နဲ့ လွတ်လပ်မှု၊ တရားမျှတမှု ရှိစေရမယ်

အီရန် သမ္မတသစ် ဟက်ဆန် ရိုဟာနီ ဟာ ပါလီမန် ရှေ့မှောက်မှာ ကျမ်းသစ္စာ ကျိန်ဆို ခဲ့ပြီ ဖြစ်ပြီး၊ ပါလီမန်ကို မိန့်ခွန်း ပြောကြား ခဲ့ရာ မှာ တိုင်းပြည် စီးပွားရေး တိုးတက် ကောင်းမွန် လာအောင် ဆောင်ရွက် မယ်လို့ ကတိပေး သွားပါတယ်။

နောက်ပြီး အီရန် နိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ပြည်သူတွေ အားလုံး ဂုဏ်သိက္ခာ ရှိဖို့နဲ့ လွတ်လပ်မှု၊ တရားမျှတမှု ရရှိ စေရမယ်လို့ ပြောသွား ပါတယ်။ အမျိုး သမီး တွေနဲ့ လူငယ်တွေကို ပိုမို အခွင့် အရေး ပေးမှာ ဖြစ်ပြီး အဂတိ လိုက်စားမှုတွေ တိုက်ဖျက် သွားမယ်လို့ ပြောပါတယ်။

နိုင်ငံခြားရေး မူဝါဒနဲ့ ပတ်သက်ပြီး နှစ်ဘက် ယုံကြည်မှု လေးစားမှုတို့ အပေါ် အခြေခံ မယ်လို့ ပြောပါတယ်။ နိုင်ငံ တကာ အနေနဲ့ အီရန်ဆီ ကနေ လုံလောက်တဲ့ တုံ့ပြန် မှုတွေ ရရှိဖို့ ဆိုရင် ဒဏ်ခတ် ပိတ်ဆို့မယ် ဆိုတဲ့ စကားမျိုး မပြောသင့်ဘဲ၊ လေးစား သမှု ရှိတယ်ဆိုတဲ့ စကား မျိုးသာ ပြောကြားသင့် တယ်လို့ မစ္စတာ ရိုဟာနီက ပြောကြား သွားပါတယ်။

တခြား နိုင်ငံ ခေါင်းဆောင် အတော် များများနဲ့ ဒါဇင်နဲ့ ချီတဲ့ နိုင်ငံ တကာ ကိုယ်စားလှယ် တွေလည်း တီဟီရန်မြို့မှာ ပြုလုပ်တဲ့ ဒီ ကျမ်းကျိန်ပွဲ အခမ်း အနားကို တက်ရောက် ခဲ့ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ