ပီနိုရှေး မိသားစု စစ်ဆေးမှု အဆုံးသတ်

  • 5 ဩဂုတ် 2013
Pinochet
Image caption နိုင်ငံခြား မှာ ပီနိုရှေး ဒေါ်လာ ၁၈ သန်း လောက် အပ်ခဲ့

ချီလီ နိုင်ငံမှာ ကွယ်လွန်သူ သမ္မတဟောင်း ဗိုလ်ချုပ်ကြီး ပီနိုရှေး မိသားစု ကို နိုင်ငံပိုင် ငွေတွေ ဒေါ်လာ သန်းချီ အလွဲသုံးစား လုပ်တယ် ဆိုပြီး ၉ နှစ်ကြာ စစ်ဆေးခဲ့မှု ကို အဆုံးသတ် လိုက်ပါတယ်။

ကျန်ရစ်သူ ဇနီးသည်နဲ့ သားသမီး တွေကို ဆက်လက် စစ်ဆေး စရာ မရှိတော့ဘူးလို့ အစိုးရ ရှေ့နေက ပြောကြား ပါတယ်။

ဗိုလ်ချုပ်ကြီး ပီနိုရှေး နိုင်ငံခြား ဘဏ်တွေမှာ အပ်ထား ခဲ့တဲ့ ဒေါ်လာ ၁၈ သန်း လောက် ရှိတဲ့ ငွေကြေး ပိုင်ဆိုင်မှု ရဲ့ ဇာစ်မြစ် ကိုတော့ သူက ညွှန်မပြ နိုင်ခဲ့ပါဘူး။

ဒါပေမဲ့ စစ် အရာရှိကြီး ၆ ယောက်ကိုတော့ အလွဲသုံးစားမှု ၊ ပီနိုရှေး ပိုင်ဆိုင်မှု တွေနဲ့ ဆက်စပ်ပြီး ရုံးတင် စစ်ဆေး သွားဖို့ ရှိပါတယ်။