တရုတ်မှာ ငှက်တုပ်ကွေး လူလူချင်း ကူးစက်

  • 7 ဩဂုတ် 2013
bird flu
Image caption ကမ္ဘာဖျက် ကပ်ရောဂါကြီး ဖြစ်လာမလား စိုးရိမ်

တရုတ် ပြည်မှာ ငှက်တုပ်ကွေး ဗိုင်းရပ် ပိုးသစ် ကနေ ပထမဆုံး အကြိမ် လူလူချင်း ကူးစက် နိုင်ဖွယ် ရှိတဲ့ ဖြစ်ပွားမှု တွေ့ရှိ ရကြောင်း တရုတ် သိပ္ပံ ပညာရှင် တွေက ကြေညာ လိုက်ပါတယ်။

တရုတ် နိုင်ငံ အရှေ့ပိုင်းမှာ အဖေကို ပြုစုနေတဲ့ အသက် ၃ဝ ကျော် အမျိုးသမီး တယောက် သေဆုံး တာကနေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီအမျိုးသမီးက ရောဂါ ကူးစက်နေတဲ့ ကြက်ငှက် တွေနဲ့ ထိတွေ့ ခဲ့တာ မဟုတ်ဘဲ သူ့ဖခင် ကသာ ကြက်ငှက်နဲ့ ထိတွေ့ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ H7N9 လို့ ခေါ်တဲ့ ဗိုင်းရပ်စ် ပိုးသစ် မှာ လူလူချင်း အလွယ်တကူ ကူးစက် နိုင်တဲ့ သာဓက မတွေ့ရ သေးပါဘူး။

အရင် ကြက်တုပ်ကွေး ပိုးတွေ တုန်းကတော့ လူလူချင်း ကန့်သတ် ကူးစက်မှု တချို့ ဖြစ်ပွား ခဲ့ဖူးပါတယ်။

ဒီတွေ့ရှိချက်ကြောင့် တကမ္ဘာလုံး ပျံ့နှံ့ နိုင်တဲ့ ကပ်ရောဂါကြီး ဖြစ်လာမလား ဆိုတာကို စိုးရိမ် ပူပန်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ