တာလီဘန်က အာဖဂန်အာဏာ ဝင်မစွက်ဟု ဆို

  • 6 ဩဂုတ် 2013
mullah omar
Image caption တာလီဘန်ခေါင်းဆောင် မူလာအိုမာ

အာဖဂန် နစ္စတန်က တာလီဘန် ခေါင်းဆောင် မူလာအိုမာ က ရှေ့နှစ် အာဖဂန် ကနေ နိုင်ငံခြား တပ်ဖွဲ့တွေ ထွက်သွားတဲ့ အခါ သူတို့ အနေနဲ့ နိုင်ငံတော် အာဏာကို ဝင်ရောက် စွက်ဖက်ဖို့ ကြိုးစားမှာ မဟုတ်ဘူးလို့ ပြောကြားလိုက် ပါတယ်။

မွတ်ဆလင်တို့ရဲ့ အစ်ဒ် ပွဲတော် မတိုင်ခင် ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာ အခုလို ဖေါ်ပြထားတာ ဖြစ်ပြီး၊ တာလီဘန် တွေဟာ ပြည်သူတွေနဲ့ နားလည်မှု ရဖို့ကိုသာ ကြိုးစား သွားမှာ ဖြစ်တယ်၊ ဒီလို ကြိုးပမ်းချက် ဟာလည်း အာလုံး ပါဝင် နိုင်မယ့် အစ္စာလာမ်မစ် စည်းမျဉ်း စည်းကမ်းတွေ အခြေခံတဲ့ အစိုးရ တရပ် ပေါ်ထွန်း လာရေး အတွက် ဖြစ်တယ်လို့ မစ္စတာ အိုမာ က ပြောပါတယ်။

မူလာ အိုမာရဲ့ ခေါင်းကို ရမယ်ဆိုရင် ဒေါ်လာ ၁၀ သန်းပေး မယ်လို့ ဆုငွေ ထုတ်ထားတာ ဖြစ်ပြီး၊ သူဟာ ၂၀၀၁ ခုနှစ် ကတည်းက ပုန်းအောင်း နေခဲ့ ရသူ ဖြစ်ပါတယ်။

ရှေ့နှစ် ပြုလုပ်ဖို့ စီစဉ် ထားတဲ့ ရွေးကောက်ပွဲ တွေဟာလည်း အချိန် ကုန်စေမှာသာ ဖြစ်ပြီး ဘာမှ အရေးမပါဘူး ဆိုကာ မစ္စတာ အိုမာက ထပ်လောင်း ပြောကြားသွား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ