အီဂျစ် ပြေလည်ရေး ကြိုးပမ်းမှု အရေးနိမ့်

  • 8 ဩဂုတ် 2013
egypt
Image caption ဆူပူမှု တွေကို အင်အား အပြင်းဆုံး သုံးပြီး ဖြေရှင်းမယ်

အီဂျစ် အကျပ်အတည်းက ရုန်းထွက်နိုင်ဖို့ အတွက် ညှိနှိုင်း ကြေအေးမှုတွေ လုပ်ကြဖို့ သက်ဆိုင်သူ တွေ အားလုံးကို အမေရိကန်နဲ့ ဥရောပ သမဂ္ဂ တို့က တောင်းဆို လိုက်ကြ ပါတယ်။

ပဋိပက္ခ ပြေငြိမ်း ရေး အတွက် နိုင်ငံတကာ ကြိုးပမ်းမှု မအောင်မြင်ဘူး လို့လည်း အီဂျစ် ကြားဖြတ် အစိုးရက ပြောကြား ခဲ့ပါတယ်။

အီဂျစ် အစိုးရ အနေနဲ့ သူတို့ဘက်က အစွမ်း ရှိသမျှ အားသွန် ကြိုးစားခဲ့ကြောင်း ၊ ပြေလည်မှု မရလို့ ဝမ်းနည်းရကြောင်း အီဂျစ် ကြားဖြတ် သမ္မတ Adly Mansour က ပြောကြား ခဲ့ပါတယ်။

တင်းမာမှုတွေ ပြေလည် စေရေး အတွက် အီဂျစ် အစိုးရ ဘက်က စတင် ဆောင်ရွက်ဖို့ အထူး တာဝန်ရှိပြီး အထိန်းသိမ်းခံ နိုင်ငံရေး အကျဉ်းသားတွေကို ချက်ချင်း စ လွှတ်ပေးဖို့ တောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက အီးယူ အဆင့်မြင့် သံတမန် ကက်သရင်း အက်ရှ်တန် တို့ ပူးတွဲ ကြေညာချက်မှာ ပါရှိပါတယ်။

မွတ်ဆလင် ညီနောင်များ အဖွဲ့ ထောက်ခံသူ တွေ ရဲ့ သပိတ် စခန်းတွေကို ဖြိုခွဲဖို့ ဆုံးဖြတ် ထားပြီး ဖြစ်ကြောင်းနဲ့ နောက်ထပ် ဆူပူ အုံကြွမှု တွေကို အင်အား အပြင်းထန်ဆုံး သုံးပြီး ဖြေရှင်း သွားမယ်လို့ ကြားဖြတ် အစိုးရ ဝန်ကြီးချုပ် Hazem el-Beblawi က ပြောဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ