ပူတင် အိုဘားမား ဆွေးနွေးပွဲ ကန်ပယ်ဖျက်

  • 7 ဩဂုတ် 2013
snowden
Image caption စနိုးဒန်း ကို ရုရှက ခိုလှုံခွင့် ပေးဖို့ ဆုံးဖြတ်

ရုရှ သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဖို့ အတွက် နောက်လ မော်စကိုမှာ ကျင်းပဖို့ ပြင်ထားတဲ့ အစည်းအဝေး ကို သမ္မတ အိုဘားမား မတက်ဘူး လို့ ပယ်ဖျက် လိုက်တဲ့ အတွက် စိတ်ပျက်မိကြောင်း ရုရှ ဘက်က ပြောကြား ပါတယ်။

အမေရိကန်နဲ့ ရုရှ ဆက်ဆံရေး တိုးတက်ဖို့ အကြောင်း မမြင်ကြောင်း ဒီဆုံးဖြတ်ချက်က ပြနေတယ်လို့ ရုရှ သမ္မတ ရဲ့ အကြံပေး တယောက်က ပြောဆို ပါတယ်။

အမေရိကန် ထောက်လှမ်းရေး ဝရမ်းပြေး အက်ဒွပ် စနိုးဒန်း ကို ရုရှက ယာယီ ခိုလှုံခွင့် ပေးဖို့ ဆုံးဖြတ် ပြီးနောက် အမေရိကန် ဘက်က ဒီလို တုံ့ပြန် ခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲ ပယ်ဖျက်တဲ့ အကြောင်းမှာ စနိုးဒန်း ကိစ္စ ပါပေမယ့်လည်း ဒါသက်သက် ကြောင့် ပယ်ဖျက်တာတော့ မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာန က ဆိုပါတယ်။

မစ်ဆိုင်း ဒုံးခွင်း စနစ် နဲ့ လူ့အခွင့်အရေး ကိစ္စလို တခြား အရေးတွေမှာလည်း တိုးတက်မှုတွေ သိပ်မရှိဘူး လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ