အမေရိကန် သံဝန်ထမ်းများ လာဟိုးက ထွက်ခွာ

  • 9 ဩဂုတ် 2013
us staff leave lahore
Image caption လာဟိုးရှိ လက်ကျန်အမေရိကန်တွေလည်း ခရီးသွားလာမှု ကန့်သတ်သင့်ကြောင်း ကန်အစိုးရ သတိပေး။

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့က အမေရိကန်သံတမန်အများစု မြို့ကနေထွက်ခွာကြဖို့ အမေရိကန်အစိုးရက အမိန့်ပေးလိုက်ပါတယ်။

လာဟိုးရှိ အမေရိကန် ကောင်စစ်ဝန်ရုံးကို ခြိမ်းခြောက်မှု လုပ်တဲ့အတွက် မရှိမဖြစ် အရေးပေါ် ဝန်ထမ်းတွေက လွဲလို့ ရုံးကို စွန့်ခွာကြဖို့ အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

တတ်နိုင်သမျှ ပါကစ္စတန်ကို ခရီးမသွားကြဖို့လည်း အမေရိကန် အစိုးရက သူ့နိုင်ငံသားတွေကို ထပ်တလဲလဲ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

အခုလို သံတမန်တွေ ထွက်ခွာခိုင်းတာဟာ တလောက အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကမှာ အမေရိကန်သံရုံးတွေ ယာယီ ပိတ်ထားလိုက်ရတဲ့ ကိစ္စတွေနဲ့တော့ တိုက်ရိုက် ပတ်သက်ခြင်း မရှိဘူးလို့ သိရပါတယ်။

ဘီဘီစီ သတင်းထောက် အဆိုအရ ပါကစ္စတန် အာဏာပိုင်တွေဘက်ကလည်း မြို့တော် အစ္စလာမ်မာဘတ်ကို လုံခြုံရေးအဆင့် တိုးမြှင့်ထားကြောင်း သိရပါတယ်။