အင်ဒိုနီးရှားမှာ မီးတောင် ပေါက်လို့ လူသေဆုံးမှုရှိ

  • 10 ဩဂုတ် 2013
Image caption ကမ်းခြေ အနီး ရွာတရွာမှာ အိပ်နေ ကြတဲ့ လူကြီး ၃ ဦးနဲ့ ကလေး ၂ ဦးပါ သေဆုံး သွားခဲ့

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်း Palue ကျွန်းငယ်လေးမှာ မီးတောင် ပေါက်တဲ့ အတွက် လူ ၆ ဦး သေဆုံး သွားခဲ့ ပါတယ်။

Rokatenda တောင်မှာ ပေါက်ကွဲ ခဲ့တာ ဖြစ်ပြီး၊ တိမ်တိုက်လို ပြာပူတွေဟာ Palue ကျွန်းပေါ်နဲ့ ပင်လယ်ထဲ ကျနေတာကို တွေ့ရ ပါတယ်။

ချော်ရည်တွေပါ ထွက်လာကာ ကျောက်တုံး ကျောက်ခဲ တွေပါ လွင့်ထွက် လာပြီး၊ ပြာပူတွေဟာ ကောင်းကင်ယံ ထက် မီတာ ၂၀၀၀ လောက် အထိ လွင့်တက် လာခဲ့ ပါတယ်။

ကမ်းခြေ အနီး ရွာတရွာမှာ အိပ်နေ ကြတဲ့ လူကြီး ၃ ဦးနဲ့ ကလေး ၂ ဦးပါ သေဆုံး သွားခဲ့တာ ဖြစ်ပါတယ်။

ဒီ သေဆုံး သွားသူ ၅ ဦးဟာ မီးတောင် အန္တရယ် ရှိတယ် ဆိုပြီး တားမြစ် ထားတဲ့ နယ်မြေ အတွင်းမှာ ရှိနေ တာလား ဆိုတာ ကတော့ ရှင်းရှင်း လင်းလင်း မသိရ သေးဘူးလို့ အင်ဒိုနီးရှား မီးတောင်နဲ့ ပတ်သက်တဲ့ ဌာနရဲ့ အကြီး အကဲ က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ လက မီးတောင် ပေါက်နိုင်တယ် ဆိုတဲ့ သတိပေးချက်ကြောင့် အာဏာပိုင်တွေ ကနေ ဒီမီးတောင် အနီး ၃ ကီလိုမီတာ အတွင်း မသွား ရောက်ဖို့ ကန့်သတ် မှုတွေ လုပ်ထား ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ