လူကုန်ကူးမှုဂိုဏ်း စပိန်မှာ ဖမ်းဆီးမိ

  • 10 ဩဂုတ် 2013
Image caption တရုတ်လူမျိုး တယောက်ကို ဒေါ်လာ ၅ သောင်း လောက် အထိနဲ့ ရောင်းစား နေတာ ဖြစ်တယ် လို့ ဆိုပါတယ်

စပိန်နဲ့ ပြင်သစ်နိုင်ငံ တို့မှာ လှုပ်ရှားနေတဲ့ လူကုန်ကူးမှု ဂိုဏ်း တခုကို ဖြိုခွင်းပြီး လူပေါင်း ၇၅ ဦးကို ဖမ်းဆီး နိုင်ခဲ့ တယ်လို့ စပိန် ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီ ဂိုဏ်းဟာ တရုတ် လူမျိုးတွေကို ဥရောပ နိုင်ငံတွေနဲ့ အမေရိကန် ထဲကို ခေါ်ယူ လာပြီး တယောက်ကို ဒေါ်လာ ၅ သောင်း လောက် အထိနဲ့ ရောင်းစား နေတာ ဖြစ်တယ် လို့ ဆိုပါတယ်။

ဒီ လူကုန်ကူးဂိုဏ်းက ဘာစီလိုနား အခြေစိုက် အဓိက လှုပ်ရှား ဆောင်ရွက် နေသူတွေလည်း ဖမ်းဆီး မိတဲ့ အထဲမှာ ပါတယ်လို့ ရဲက ပြောပါတယ်။

ဂျပန် ဟောင်ကောင် နဲ့ စင်ကာပူ နိုင်ငံကူး လက်မှတ် အတုတွေ အပါ အဝင် ပတ်စ်ပို့တ် အတု ၈၀ ကျော်ကိုလည်း တပါးတည်း ဖမ်းဆီး မိခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ