ကမ္ဘာ့ ပြေးခုန်ပစ် အားကစား ပြိုင်ပွဲ ရုရှားမှာ ကျင်းပ

  • 10 ဩဂုတ် 2013
ဆောင်းရာသီ အိုလံပစ် နဲ့ ၂၀၁၈ ကမ္ဘာ့ ဖလား ဘောလုံး ပွဲတွေကိုလည်း ရုရှားမှာ ကျင်းပမယ်

ကမ္ဘာ့ နိုင်ငံပေါင်း ၂၀၀ ကျော် က ပြေးခုန်ပစ် အားကစား သမားပေါင်း ၂၀၀၀ ကျော် ဝင်ပြိုင် တဲ့ ကမ္ဘာ့ ပြေးခုန်ပစ် အားကစား ပွဲကြီးကို ရုရှား နိုင်ငံ မော်စကိုမြို့မှာ ကျင်းပ နေပြီ ဖြစ်ပါတယ်။

အားကစား သမားတွေထဲ တချို့ ထိခိုက် ဒဏ်ရာ ရထား ကြလို၊ တချို့ကြတော့လည်း တားမြစ် ဆေးဝါး သုံးစွဲ တာ ရှိလို့ ပြိုင်ပွဲ ဝင်ခွင့် ပိတ်ထား တာတွေ ကြောင့် တချို့ နာမည်ကြီး တွေ မပါ နိုင်တာ က လွဲလို့ ပွဲက ကြီးပါတယ်။

ဗြိတိန်က အိုလံပစ် ရွှေ ၂ ခု ယူထားတဲ့ တာဝေး အပြေး သမား မိုဖာရာ က မီတာ တသောင်း မှာ ဝင်ပြေးမယ် ၊ နောက်ပြီး ဂျမေကာ က ကမ္ဘာ့ တာတို ဘုရင် ယူစိန် ဘော့ က မီတာ ၁၀၀ ပြေးမှာပါ။

ပြီးခဲ့တဲ့ ၂ နှစ် ဒီလို ပွဲမျိုး Daegu မှာ လုပ်တုန်းက တာ မလွှတ်သေးပဲ တာထွက် ခဲ့လို့ ချန်ပီယံ အိပ်မက် နဲ့ ဝေး ခဲ့တဲ့ ယူစိန် ဘော့ တယောက် ဒီ ပွဲမှာ တော့ တာ စောမထွက်ဖို့ ပိုသတိထား မယ်လို့ မှန်းရပါတယ်။ သူတို့ ပွဲတွေ အပြင် အကြိတ် အနယ် ပွဲတွေ က အများ အပြား ရှိလာမှာပါ။

အိမ်ရှင် ရုရှား အတွက် အခု အားကစား ပွဲ ကြီးက ဒီ နှစ်ပိုင်းတွေ အတွင်း ဒီပွဲ တခု တည်းမဟုတ် ပါဘူး။ နောက် လာမယ့် ၅ နှစ် အတွင်း ပွဲကြီး နောက်ထပ် ၂ ပွဲ လာဦးမှာ ပါ။

တပွဲ ကတော့ Sochi မှာ လုပ်မယ့် ဆောင်းရာသီ အိုလံပစ် ပွဲတော် ဖြစ်ပြီး နောက်တပွဲ ကတော့ ၂၀၁၈ မှာ လုပ်မယ့် ကမ္ဘာ့ ဖလား ဘောလုံး ပွဲ ဖြစ်ပါတယ်။

ဒါပေမယ့် အခု တလော ကမ္ဘာ့ အားကစား လောကမှာ တားမြစ်ဆေး သုံးစွဲ တာတွေ ကလည်း သတင်းတွေ ခဏခဏ တက်လာ နေတော့ ဒီပွဲမှာ ကော ဘယ်လို ဖြစ်လာ လေမလဲ၊ စိုးရိမ်ကြ သူတွေ ရှိနေ ပြီးတော့ ဒီပွဲ စီစဉ် သူတွေ အနေနဲ့ ကတော့ ကမ္ဘာ့ ပြေးခုန်ပစ် အားကစား ပြိုင်ပွဲ သမိုင်းမှာ အသန့်ရှင်း ဆုံး ပွဲ ဖြစ်စေ ရမယ် လို့ ပြောနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ