တရုတ် ဝန်းကျင် အရေး ဖြေရှင်းဖို့ အားထုတ်

  • 11 ဩဂုတ် 2013
china environment
Image caption ပတ်ဝန်းကျင်နဲ့ မညီတဲ့ စက်ရုံကို လူထု ကန့်ကွက်

တရုတ် စီးပွားရေး တိုးတက်မှု နောက်ဆက်တွဲ အဆိုးရွားဆုံး ရင်ဆိုင် နေရတဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာတွေ ဖြေရှင်းဖို့ တရုတ် အစိုးရ အရှိန်မြှင့် ဆောင်ရွက် နေပါတယ်။

ပတ်ဝန်းကျင် စောင့်ရှောက်ရေး ပိုင်းကို ကြီးပွား စေလိုတဲ့ ဦးတည်ချက်နဲ့ အခွန် လျှော့ချမှုနဲ့ ထောက်ပံ့မှု အသစ်တွေ ဒေါ်လာ သန်းထောင်နဲ့ချီပြီး ထောက်ပံ့မယ်လို့ တရုတ် နိုင်ငံတော် ကောင်စီနဲ့ အစိုးရ တို့က ကြေညာ လိုက်ပါတယ်။

ပြည်တွင်း ပြည်ပ လုပ်ငန်း အားလုံး ထောက်ပံ့မှု အတွက် လျှောက်ထားနိုင်တယ် လို့လည်း ဆိုပါတယ်။

မနှစ်က ကြေညာခဲ့တဲ့ ဒေါ်လာ ဘီလျံ ၇၃ဝ တန် စီမံကိန်းကြီးကို ထပ်ဆောင်း အားဖြည့် လိုက်တာလည်း ဖြစ်ပါတယ်။

မြို့ပြ ဒေသတွေက စက်ရုံ မီးခိုးငွေ့ ပြဿနာ၊ ရှန်ဟိုင်းမြို့ ရေပေးရေး ကန်ထဲမှာ ဝက်သေကောင်ပုပ်တွေ ထောင်နဲ့ချီ တွေ့ရတာ စတဲ့ ဝန်းကျင် ပြဿနာတွေ ကို ကိုင်တွယ် ဖြေရှင်းဖို့ လူထု ဒေါသ ဆန္ဒနဲ့ ဖိအားတွေ အစိုးရ တိုးပြီး ကြုံနေရပြီလို့ သတင်းထောက် တွေက သုံးသပ် ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ