ဂျပန်မှာ အပူကြီးလို့ လူ ၂၇ ဦး သေ

  • 11 ဩဂုတ် 2013
Image caption ကမ်းခြေ နေရာတွေ မှာတော့ လူတွေ ပြည့်ကျပ် နေပါ တော့တယ်

ဂျပန် နိုင်ငံမှာ ၆ နှစ် အတွင်း ပထမဆုံး အကြိမ် အဖြစ် အပူချိန်ဟာ ၄၀ ဒီဂရီ စင်တီဂရိတ် ကျော်သွားခဲ့ပါတယ်။

ဒီအတွက် ပြီးခဲ့တဲ့ လအတွင်း အပူဒဏ် ကြောင့် လူ ၂၇ ဦး သေဆုံး ခဲ့တယ် လို့ အရာရှိ တွေက ပြောပါတယ်။

အများ ပြည်သူတွေ အနေနဲ့ အပူဒဏ်ကို သတိထား ကြဖို့နဲ့ ရေများများ သောက်ကြဖို့၊ နောက်ပြီး လေအေး စက် ရနိုင်ရင် အသုံးပြု ကြဖို့ကို ကျန်းမာရေး တာဝန် ရှိသူ တွေက တိုက်တွန်းနေ ပါတယ်။

အခု လောလောဆယ် ဂျပန်နိုင်ငံ မြောက်ဘက်ပိုင်း မှာတော့ မိုးကြီးလို့ ရေကြီး မြေပြို မှုတွေကြောင့် လူ ၅ ဦး သေဆုံးသွား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ